အသံများကို ချိန်ညှိခြင်း

အသံခလုတ်များကို သုံးခြင်း

ဖုန်းပြောစဉ် အသံ။ ဖုန်းပြောနေစဉ် အသံခလုတ်များသည် အခြားလူ၏ အသံကို ထိန်းချုပ်သည်။

မီဒီယာ။ ဖုန်းမပြောနေသည့်အခါ အသံခလုတ်များသည် မီဒီယာပြန်ဖွင့်မှုအတွင်း သို့မဟုတ် သင်နားမထောင်မီ မီဒီယာအသံကို ထိန်းချုပ်သည်။

စကားအားလုံးအတွက် စာတန်းများ။ တိုက်ရိုက်စာတန်းထိုး ကိုဖွင့်ရန် သို့မဟုတ် ပိတ်ရန် တို့ပါ။ ဤအိုင်ကွန်ကို မတွေ့ပါက ၎င်းကို ထည့်နိုင်သည်

ဖုန်းမြည်သံ၊ အသိပေးချက်အသံများနှင့် နှိုးစက်သံများ။ ဤအသံများကို ချိန်ညှိရန် အသံခလုတ်ကို နှိပ်ပြီးနောက် သင့်ပင်မ မျက်နှာပြင်ရှိ ဤရှော့(တ်)ကတ်ကို သုံးပါ-

  1. မီဒီယာသံများကို ချိန်ညှိရန် ပွတ်ဆွဲပါ။
  2. ဖုန်းမြည်သံနှင့် အသိပေးသံများအတွက် အခြေအနေအဆင့်ကို ရွေးချယ်ရန် နှိပ်ပါ- ဖွင့် ၊ အသံတိတ် နှင့် တုန်ခါမှုသာ
  3. ဖုန်းခေါ်သံ အတိုးအကျယ်ကို ချိန်ညှိရန် ပွတ်ဆွဲပါ။
  4. အသံအတိုးအကျယ် ထိန်းချုပ်မှုအားလုံး (ဖုန်းခေါ်သံ၊ ဖုန်းမြည်သံ/အသိပေးသံ၊ နှိုးစက်သံ၊ မီဒီယာသံ) ကို ကြည့်ရန် နှိပ်ပါ။
  5. စကားသံကို ထောက်လှမ်းတွေ့ရှိသောအခါ တိုက်ရိုက်စာတန်းထိုး ကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန် တို့ပါ။

အက်ပ်အသံများကို သတ်မှတ်ခြင်းနှင့် အက်ပ်များကို အော်တိုအသံပိတ်ခြင်း

သင်သည် အက်ပ်တစ်ခုချင်းစီ၏ အသံကို ချိန်ညှိနိုင်သည်။

ထို့အပြင် သင့်ဖုန်းသည် သင်အများအားဖြင့် အသံပိတ်လေ့ရှိသော အက်ပ်များကို အလိုအလျောက်အသံပိတ်ရန် လေ့လာမှတ်သားနိုင်သည်။ သင်သည် အက်ပ်များ၏ စာရင်းကို အချိန်မရွေး ပြန်လည်သုံးသပ်ပြီး ချိန်ညှိနိုင်သည်။

၎င်းကို သတ်မှတ်ခြင်း

  1. ဆက်တင်များ > အသံနှင့် တုန်ခါမှု သို့ သွားပါ။
  2. အသံအတိုးအကျယ် ကို တို့ပြီး ၎င်းကိုဖွင့်ပါ

အက်ပ်အသံအတိုးအကျယ်ကို ချိန်ညှိခြင်း

လက်ရှိမျက်နှာပြင်ပေါ်ရှိ အက်ပ်၏ အသံကို ထိန်းချုပ်ရန် အသံခလုတ်တစ်ခုကို နှိပ်ပါ သို့မဟုတ် အသံသုံးနေသော မည်သည့်အက်ပ်မဆို၏ အသံများကို ချိန်ညှိရန် ဆလိုက်ဒါများကို သုံးပါ။

အလိုအလျောက်အသံဖျောက်ထားသော အက်ပ်များကို ကြည့်ရှုပြီး ဖယ်ရှားခြင်း

  1. ဆက်တင်များ > အသံနှင့် တုန်ခါမှု > အသံအတိုးအကျယ် သို့ သွားပါ။
  2. အသံပိတ်ထားသော အက်ပ်စာရင်းကို ကြည့်ရန် အော်တိုအသံတိတ် ကို တို့ပါ။
  3. အက်ပ်တစ်ခုကို စာရင်းမှ ဖယ်ရှားရန် အက်ပ်ထဲတွင် ၎င်းကို အသံပြန်ဖွင့်ပါ။

သင့်ဖုန်းအား သင်၏ အသုံးပြုမှုပုံစံများကို လေ့လာမှတ်သားပြီး အက်ပ်များကို အလိုအလျောက် အသံမပိတ်စေလိုပါက ဆက်တင်များ > အသံနှင့် တုန်ခါမှု > အသံအတိုးအကျယ် သို့ သွားပြီး အော်တိုအသံတိတ် ကို ပိတ်ပါ

ပါဝါနှင့် အသံ ခလုတ်များဖြင့် အသံတိတ်ခြင်း

မြည်နေသောဖုန်းကို အသံတိတ်ရန် ပါဝါ ခလုတ်ကိုဖြစ်စေ၊ အသံတိုး ခလုတ်ကို ဖြစ်စေ နှိပ်ပါ။

အကြံပြုချက်ဖုန်းခေါ်ဆိုမှုများ၊ မက်ဆေ့ချ်များ၊ ပွဲစဉ်များနှင့် သတိပေးချက်များကို အသံတိတ်ရန် မနှောင့်ယှက်ရ ကို သုံးပါ။ ၎င်းကို အမြန်ဆက်တင်များမှ ဖွင့်ပါ သို့မဟုတ် အချို့သောအချိန်များအတွင်း သို့မဟုတ် ပြက္ခဒိန် ပွဲစဉ်များအတွင်း အလိုအလျောက်ဖွင့်ရန် ၎င်းကို အချိန်သတ်မှတ်ပါ။

အသံတိတ်စေရန် ဖုန်းကောက်ကိုင်ခြင်း

အဝင်ဖုန်းများကို အသံတိတ်စေရန်နှင့် တုန်ခါမှုကို ဖွင့်ရန်အတွက် သင့်ဖုန်းကို ကောက်ကိုင်လိုက်ရုံသာဖြစ်သည်။

ဤလက်ဟန်ကို ဖွင့်ရန်−

  1. ဆက်တင်များ > အသံနှင့် တုန်ခါမှု သို့ သွားပါ။

    သို့မဟုတ် Moto အက်ပ်ကို ဖွင့်ပြီး > ဟန္မူရာမ်ား ကို နှိပ်ပါ။

  2. အသံတိတ်လိုက အပေါ်သို့မရန် ကို နှိပ်ပြီး ၎င်းကို ဖွင့်ပါ
  3. နှိုးစက်များမဟုတ်ဘဲ ဖုန်းခေါ်ဆိုမှုများ (သို့မဟုတ် အပြန်အလှန်) ကို အသံတိတ်ရန် ဤဟန်မူရာကို သုံးလိုပါက ဆက်တင်များ ကို နှိပ်ပြီး သင့်လျော်သော ရွေးစရာကို ပိတ်ပါ