ဖုန်းဖြေ၍မရပါ သို့မဟုတ် ဖုန်းသံမမြည်ပါ

ပြဿနာဖြေရှင်းသည့် အဆင့်တစ်ဆင့်ပြီးတိုင်း သင့်ပြဿနာကို ဖြေရှင်းပြီးခြင်းရှိ၊ မရှိ စစ်ဆေးပါ။

ဖုန်းသံ မမြည်ပါ (သို့) မြည်သံသည် လုံလောက်စွာ မကျယ်ပါ။

  1. သင်၏ အသံအတိုးအကျယ် ဆက်တင်ကို စစ်ဆေးပါ။
  2. သင်သည် နှောင့်ယှက်မှုများကို အသံပိတ်သည့်မုဒ်တွင် ရှိမရှိ စစ်ဆေးပါ-

  3. သင်၏ ဖုန်းမြည်သံ အားတစ်ခုမှမဟုတ် သို့ သတ်မှတ်ထားခြင်းမရှိကြောင်း သေချာအောင် စစ်ပါ။
  4. သင့်ဖုန်းကို ဘလူးတုသ် ကိရိယာ မှတဆင့် ချိတ်ဆက်ထားပါသလား။ ထိုသို့ဆိုလျှင် အသံအားလုံးကို ဘလူးတုသ်ကိရိယာသို့ လမ်းကြောင်းပေးထားပါသည်။
  5. သင်ထည့်သွင်းထားသည့် ဖုန်းမြည်သံကို အသုံးပြုနေပါက ဖုန်းထဲတွင် မူလ ထည့်ပေးထားသည့် ဖုန်းသံတစ်ခုကို သုံးကြည့်ပါ။
  6. သင်ထည့်သွင်းထားသည့်အက်ပ်များက ပြဿနာဖြစ်စေသလားကြည့်ရန် လုံခြုံမှု မုဒ်ကို သုံးပြီး လိုအပ်သလို ပြန်ဖြုတ်ပါ။ စဖွင့်အက်ပ်၊ လုပ်ဆောင်ချက်ပိတ်အက်ပ် သို့မဟုတ် ဗိုင်းရပ်စ်သတ်အက်ပ်များကဲ့သို့ အပလီကေးရှင်းအမျိုးအစားများဖြင့် စတင်ပါ။

အသံမြည်နေသော ဖုန်းကို မဖြေနိုင်ပါ

  1. ဖုန်း အက်ပ်အတွက် ဒေတာများကို ရှင်းလင်းပါ

    ကို ဖိထားပြီးနောက် > သိုလှောင်ခန်းနှင့် ကက်ရှ် > သိမ်းထားသည်များကိုရှင်းမည် ကို ထိပါ။

အမြဲ လိုင်းမအားခြင်း

ပြည်ပ ခေါ်ဆိုမှုများ

  1. နံပါတ်တစ်ခုသို့ သင်ခေါ်ဆိုသည့်အခါ ဖုန်းမအားကြောင်း ချက်ချင်း ကြားရပါက ဖုန်းမဝင်စေရန် အဟန့်အတားဖြစ်စေသည့် ဆယ်လူလာ ပတ်လမ်းကြောင်းအားလုံးအား အသုံးပြုနေသောကြောင့် ဖြစ်နိုင်ပါသည်။ နောက်မှ ထပ်မံခေါ်ဆိုကြည့်ပါ။
  2. ထိုနံပါတ်သို့ ဖုန်းခေါ်သည့်အခါတိုင်း ဖုန်းမအားကြောင်း ချက်ချင်း ကြားရပါက သင့်နံပါတ်အား အက်ပ်တစ်ခုသုံး၍ တားဆီးထားခြင်းဖြစ်နိုင်ပါသည်။ အခြား နံပါတ်တစ်ခုဖြင့် ခေါ်ကြည့်ပါ။

အဝင်ခေါ်ဆိုမှုများ

လိုင်းမိပြီး ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်သော်လည်း ခေါ်ဆိုသူများက သင့်ထံ ဖုန်းခေါ်သည့်အခါ မအားလပ်သည့် အသံကိုသာ အမြဲကြားရသည်ဟု ပြောပါက ၎င်းတို့၏ နံပါတ်များအား သင်တားဆီးထားခြင်း ရှိမရှိ စစ်ဆေးပါ။

ဖုန်းခေါ်ဆိုမှုများ/စာတိုများ မဝင်ခြင်း

  1. လေယာဉ် မုဒ် ပွင့်နေပါက ၎င်းကို ပိတ်ပါ။
  2. သင့်ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်ပါ။
  3. သင့်ဖုန်းနှင့် မက်ဆေ့ချ်အက်ပ်အတွက် အပ်ဒိတ်များ ရှိ၊ မရှိ စစ်ဆေးပါ။
  4. သင့်ဖုန်းအတွက် ဆော့ဖ်ဝဲအပ်ဒိတ် ရနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးပါ

ဖုန်းခေါ်ဆိုမှုများ အသံမေးလ်ထဲသို့ ဝင်သွားခြင်း

သင့် မနှောင့်ယှက်ရ ဆက်တင်များကို စစ်ဆေးပါ-

  1. သင်သည် နှောင့်ယှက်မှုများကို အသံပိတ်သည့်မုဒ်တွင် ရှိမရှိ စစ်ဆေးပါ-

  2. သင့်ဖုန်းကို မျက်နှာပြင်တစ်ခုပေါ်တွင် မှောက်လျက်ထားခြင်းဖြင့် မနှောင့်ယှက်ရ ကို စတင်နိုင်သည်။ သင့်ဖုန်းကို မှောက်ထားချိန်တွင် ဖုန်းခေါ်ဆိုမှုများကို အသံမေးလ်သို့ မပို့စေလိုပါက ဆက်တင်များ > ဟန္မူရာမ်ား > DND အတွက် မှောက်ပါ သို့ သွားပြီး ၎င်းကို ပိတ်ပါ