သင့်ဖုန်းကို အသံပိတ်ရန်နှင့် သင့်အား နှောင့်ယှက်နိုင်သောသူ သို့မဟုတ် နှောင့်ယှက်နိုင်သောအရာများကို စီမံခန့်ခွဲရန် မနှောင့်ယှက်ရ အပါအဝင် မုဒ်များ ကို သုံးပါ။



သင့်အား နှောင့်ယှက်နိုင်သည့် လူအမျိုးမျိုး သို့မဟုတ် အက်ပ်အမျိုးမျိုးကို ရွေးချယ်လိုသည့် အခြေအနေမှန်သမျှနှင့် ကိုက်ညီစေရန် စိတ်ကြိုက်မုဒ်များကိုလည်း ဖန်တီးနိုင်သည်။
ဖွင့် သို့မဟုတ် ပိတ်ရန် မုဒ်ကို တို့ပါ။
မုဒ်ကို ဖွင့်ထားပါက အခြေအနေပြဘားတွင် ၎င်း၏အိုင်ကွန်ကို တွေ့ပါမည်။
သင့်ဖုန်းကို လှန်ပြီး ၎င်းကို မျက်နှာပြင်တစ်ခုပေါ်တွင် မှောက်လျက်ထားခြင်းဖြင့်လည်း မနှောင့်ယှက်ရ မုဒ်ကို စတင်နိုင်သည်။ ၎င်း အလုပ်မလုပ်ပါက ဟန်မူရာကို ဖွင့်ထားကြောင်း သေချာပါစေ။
သင့်လိုအပ်ချက်များနှင့် ကိုက်ညီသည့် မုဒ်များကို သတ်မှတ်ပြီးနောက် အမြန်ဆက်တင်များတွင် ၎င်းတို့ကို အလွယ်တကူ ဖွင့်/ပိတ်နိုင်သည်။
ဤမုဒ်တွင် သင့်ကို နှောင့်ယှက်နိုင်သည့်အရာ သို့မဟုတ် နှောင့်ယှက်နိုင်သည့်သူကို စီမံရန် မနှောင့်ယှက်ရ မုဒ်အတွက် အကြောင်းကြားချက် စစ်ထုတ်မှုများ ကို စစ်ဆေးပါ။
သင် မနှောင့်ယှက်ရ ကို အမြန်ဆက်တင်များမှ စတင်ဖွင့်ပြီးနောက် ၎င်းကို ဘယ်လောက်ကြာကြာဆက်ဖွင့်ထားလိုသည်ကို ရွေးချယ်နိုင်သည်-
၎င်းကို ဆက်ဖွင့်ထားစေလိုသည့်ကြာချိန်ကို ရွေးပါ-


မုဒ်ကို အလိုအလျောက်စတင်လိုပါက အချိန်ဇယား သတ်မှတ်ပါ ကို တို့ပြီး ပုံမှန်နေ့နှင့် အချိန်ကို ရွေးပါ သို့မဟုတ် သင့်ပြက္ခဒိန်ပါ ပွဲအစီအစဉ်များနှင့် စင့်ခ်လုပ်ပါ။
အချိန်ဇယား အမျိုးအစား (နေ့/အချိန် နှင့် ပြက္ခဒိန်) ကို ရွေးပြီးပါက အလိုအလျောက် မုဒ်ဖွင့်သည့်နည်းလမ်းကို ပြောင်း၍မရတော့ပါ။ ပြောင်းလဲလိုပါက မုဒ်အသစ် ဖန်တီးရမည်။
စိတ်ကြိုက်မုဒ်ကိုဖျက်ရန် ဆက်တင်များ > မုဒ်များ သို့သွားပြီး မုဒ်အမည်ကိုတို့ပါ။ ထို့နောက် မီနူး > ဖျက်ရန် ကိုတို့ပါ။
မုဒ်တစ်ခုစီအတွက် ပိတ်ဆို့တားဆီးမည့်အရာ/သင့်အား အနှောင့်အယှက်ပေးနိုင်သည့်အရာကို သင် သတ်မှတ်နိုင်ပါသည်။ ဥပမာ အိပ်ရာဝင်ချိန် မုဒ်တွင် ဖုန်းခေါ်ဆိုမှုနှင့်မက်ဆေ့ချ်များအားလုံးကို ပိတ်ဆို့တားဆီးထားနိုင်သော်လည်း ကားမောင်းခြင်း မုဒ်တွင် သင့်အဆက်အသွယ်များအား ဖုန်းခေါ်ခွင့်ပြုနိုင်သည်။
ခွင့်ပြုမည့်အရာနှင့် ခွင့်ပြုမည့်သူကို အကြောင်းကြားချက် စစ်ထုတ်မှုများ တွင် ရွေးပါ-
