အက်ပ်များ ပိတ်ခြင်း၊ ဖွင့်ခြင်း၊ ပြောင်းခြင်း

အက်ပ်များကို ဖွင့်ခြင်းနှင့် ပိတ်ခြင်း

အက်ပ်ကို ဖွင့်ရန် ပင်မစခရင်ရှိ ၎င်း၏အိုင်ကွန်ကို တို့ပါ သို့မဟုတ် ပင်မစခရင်၏ အောက်ခြေမှ အပေါ်သို့ ပွတ်ဆွဲပြီး အက်ပ်ပြသရာနေရာကိုဖွင့်၍ အက်ပ်ကို တို့ပါ။

အက်ပ်မှထွက်ပြီး သင့်ပင်မ စခရင်သို့ သွားရန် စခရင်၏ အောက်ခြေမှ အပေါ်သို့ ပွတ်ဆွဲရုံပင်ဖြစ်သည်။

အက်ပ်ပိတ်ရန် မလိုတော့ပါ။ အန်းဒရွိုက်သည် ၎င်းအက်ပ်သုံးသည့် မှတ်ဉာဏ်နှင့်ဘက်ထရီကိုစီမံခန့်ခွဲပေးရာ အက်ပ်ကိုဖွင့်လျက်ထားခဲ့မိပါက စိတ်မပူရတော့ပါ။

အက်ပ်တစ်ခုကို ပိတ်ရန် စခရင်အောက်ခြေမှ အပေါ်သို့ ဆွဲရွှေ့၍ ဖိထားပြီးနောက် လွှတ်လိုက်ပါ။ သင်လတ်တလော သုံးထားသော အက်ပ်များထဲမှ ထိုအက်ပ်ကို အပေါ်သို့ပွတ်ဆွဲပါ။

အက်ပ်အားလုံးကို ပိတ်ရန် စခရင်အောက်ခြေမှ အပေါ်သို့ ဆွဲရွှေ့၍ ဖိထားပြီးနောက် လွှတ်လိုက်ပါ။ သင်၏ လတ်တလောအက်ပ်များထဲတွင် စာရင်းအစကို မြင်ရသည်အထိ ညာဘက်သို့ ပွတ်ဆွဲပါ၊ ထို့နောက် အားလုံး ရှင်းလင်းရန် ကို နှိပ်ပါ။ (အချို့အက်ပ်များကို ရှင်းလင်းမခံရစေရန် တားဆီးနိုင်သည်။)

အက်ပ်များကို ဘေးဘားမှ ဖွင့်ခြင်း

သင့်ဖုန်းတွင် သင့်အကြိုက်ဆုံးအက်ပ်များနှင့် လုပ်ဆောင်ချက်များကို ဝင်သုံးရန် စခရင်၏အစွန်းမှ ပွတ်ဆွဲဖွင့်နိုင်သည့် ဘေးဘားတစ်ခု ပါဝင်သည်။ သင်သည် ဘေးဘားမှ အက်ပ်များ ပွင့်နည်းကို ရွေးချယ်နိုင်သည်-

  • စခရင်ပေါ်တွင် နေရာပြန်ချရန် ဆွဲရွှေ့နိုင်သည့် စိတ်ကြိုက်ပုံစံ ဝင်းဒိုးများတွင် ဖွင့်ခြင်း
  • စခရင်အပြည့်တွင် ဖွင့်ခြင်း

(၎င်းကို ဘေးဘားတွင် မတွေ့ပါက ဆက်တင်များ > ဟန္မူရာမ်ား တွင် ဖွင့်ပါ။)

အက်ပ်တစ်ခုကို ဖွင့်ရန် အလင်းဖောက်ဘားကို မြင်ရသည့် ဖုန်း၏ ဘေးဘက်မှ အတွင်းသို့ ပွတ်ဆွဲပြီး အက်ပ်များမီနူးကို ဖွင့်ပါ၊ ထို့နောက် စိတ်ကြိုက်ပုံစံ ရွေ့လျား ဝင်းဒိုး သို့မဟုတ် စခရင်အပြည့်ဖြင့်ဖွင့်ရန် အက်ပ်တစ်ခုကို တို့ပါ။

အက်ပ်တစ်ခုကို အခြားမုဒ် (စိတ်ကြိုက်ပုံစံ သို့မဟုတ် စခရင်အပြည့်) တွင် ဖွင့်ရန် ၎င်းကို ဘေးဘားမှ စခရင်၏အလယ်သို့ ဆွဲရွှေ့ပါ။

အက်ပ်တစ်ခုကို အကန့်ခွဲ စခရင်တွင် ဖွင့်ရန် ၎င်းကို ဘေးဘားမှ စခရင်၏ထိပ်ဆုံး သို့မဟုတ် အောက်ခြေသို့ ဆွဲရွှေ့ပါ။

စိတ်ကြိုက်ပုံစံအက်ပ်ကို ရွှေ့ရန် ထိပ်ဆုံးရှိ ကို ဖိ၍ နှိပ်ပြီးနောက် ဆွဲရွှေ့ပါ။

စိတ်ကြိုက်ပုံစံအက်ပ်ကို အရွယ်အစားပြောင်းရန် အောက်ခြေထောင့်ကို ထောင့်ဖြတ်ဆွဲရွှေ့ပါ-

  • မျက်နှာပြင်အပြည့်ဖွင့်ရန် အောက်ဆုံးအထိ ဆွဲချပါ။

  • တို့၍ အက်ပ်ကို ပြန်ဖွင့်နိုင်သည့် ရွှေ့နိုင်သော ရွေ့လျားအိုင်ကွန်ကို ထားရှိရန် အပေါ်ဆုံးအထိ ဆွဲယူပါ။

အက်ပ်ကိုပိတ်ရန် အပေါ်ထောင့်ရှိ ကို တို့ပါ။

ဘေးဘားကို စိတ်ကြိုက်သတ်မှတ်ရန် ကို တို့ပါ။ အက်ပ်များကို ထည့် သို့မဟုတ် ဖယ်ရှားနိုင်ပြီး ၎င်းတို့ကို ပြန်စီနိုင်သည်

ဖွင့်ထားသောအက်ပ်များကြား ကူးပြောင်းခြင်း

မကြာသေးမီက သုံးထားသော အက်ပ်များအကြား ကူးပြောင်းရန် စခရင်၏ အောက်ဘက်တွင် ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပါ။

လတ်တလောအက်ပ်များ စာရင်းကိုကြည့်ရန် စခရင်အောက်ခြေမှ အပေါ်သို့ပွတ်ဆွဲပြီး ဖိထားပါ၊ ထို့နောက် လွှတ်လိုက်ပါ-

  • နောက်ထပ်အက်ပ်များကို ကြည့်ရန် ဘယ် သို့မဟုတ် ညာသို့ ပွတ်ဆွဲပါ။
  • အက်ပ်တစ်ခုသို့ ကူးပြောင်းရန် စာရင်းထဲရှိ ထိုအက်ပ်ကို တို့ပါ။
  • အက်ပ်ကို လွတ်လပ်သည့်ပုံစံ သို့မဟုတ် စခရင်အပြည့်ပုံစံ မည်သည့်ပုံစံဖြင့် ဖွင့်မည်ကို ရွေးချယ်ရန် ၎င်း၏ အိုင်ကွန်ကို ထိပြီး နှိပ်ထားပါ။
အကြံပြုချက်

စခရင်ကန့်ခြင်း ကို သုံး၍ အက်ပ်နှစ်ခုကို တစ်ပြိုင်နက် သုံးလိုက်ပါ။

လတ်တလောအက်ပ်များကို ရှင်းပစ်ခြင်း

သင်သည် လတ်တလောအက်ပ်များစာရင်းမှ အက်ပ်အားလုံးကို ရှင်းပစ်နိုင်သည်။ သို့မဟုတ် အက်ပ်အားလုံးကို ပိတ်ရန် အားလုံး ရှင်းလင်းရန် ကို တို့သည့်အခါ သင်၏ လတ်တလောအက်ပ်များထဲမှ အက်ပ်တစ်ခုကို ရှင်းလင်းမခံရစေရန် တားဆီးနိုင်သည်။

စာရင်းမှ အက်ပ်အားလုံးကို ဖယ်ရှားရန်-

  1. သင်၏ လတ်တလောအက်ပ်များ စာရင်းကိုကြည့်ရန် စခရင်အောက်ခြေမှ အပေါ်သို့ပွတ်ဆွဲပြီး ဖိထားပါ၊ ထို့နောက် လွှတ်လိုက်ပါ။
  2. အားလုံး ရှင်းလင်းရန် ကို တို့ပါ။

စာရင်းထဲရှိ အက်ပ်တစ်ခုကို သော့ခတ်ရန်-

  1. စခရင်အောက်ခြေမှ အပေါ်သို့ ဆွဲရွှေ့၍ ဖိထားပြီးနောက် လွှတ်လိုက်ပါ။
  2. စာရင်းတွင် ဆက်ထားလိုသည့် အက်ပ်ပေါ်ရှိ ကို နှိပ်ပါ။

အားလုံး ရှင်းလင်းရန် ကို နှိပ်သည့်အခါ အက်ပ်ကို ဖယ်ရှားစေရန်အတွက် ၎င်းကို သော့ဖွင့်ရန်-

  1. စခရင်အောက်ခြေမှ အပေါ်သို့ ဆွဲရွှေ့၍ ဖိထားပြီးနောက် လွှတ်လိုက်ပါ။
  2. အက်ပ်တွင် ကို နှိပ်ပါ။

အက်ပ်ကို သုံးခြင်းနှင့်ပတ်သက်၍ အကူအညီရယူခြင်း

ဤစာမျက်နှာ ထိပ်ဆုံးရှိ ရှာဖွေရေး အိုင်ကွန် ကို တို့ပြီး အဓိကစကားလုံးများ (ဥပမာ- “အဆက်အသွယ် ထည့်ရန်”) ကို ရိုက်ထည့်ပါ။

သင်လိုအပ်နေသည့်အရာကို ရှာမတွေ့ပါက အက်ပ်အများစုတွင် အသင့်ပါအကူအညီ ပါရှိသည်။ ၎င်းကို ရှာရန် အက်ပ်ကို ဖွင့်၍ သို့မဟုတ် ကို တို့ပြီးနောက် အကူအညီ သို့မဟုတ် ဆက်တင်များ > အကူအညီ ကို ရှာဖွေပါ။