သင့် အင်တာနက် ချိတ်ဆက်မှုကို မျှဝေခြင်း

အခြားစက်အတွက် အင်တာနက်ချိတ်ဆက်မှု လိုအပ်သည့်အခါ သင့်ဖုန်း၏ ဖော်ပြပါအရာများကို မျှဝေပါ-

  • Wi-Fi အသုံးပြုနိုင်သော အခြားစက်နှင့် ကြိုးမဲ့မျှဝေရန်အတွက် လိုင်းကောင်းကောင်းမိပြီး မြန်နှုန်းမြင့်သည့် သင့် Wi-Fi ဟော့စပေါ့ကို ဖွင့်ပါ။ ၎င်းသည် ပါဝါပိုစားသောကြောင့် ပလပ်ထိုးထားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။
  • (ကွန်ပျူတာအနီးရှိ ဖုန်းကဲ့သို့) အနီးအနားရှိ စက်နှင့် ကြိုးမဲ့မျှဝေရန်အတွက် ဘလူးတုသ် အင်တာနက်ဝေမျှမှုကို အသုံးပြုနိုင်သည်၊ ၎င်းသည် လိုင်းကျပ်သော Wi-Fi ပတ်ဝန်းကျင်များတွင် အနှောင့်အယှက်နည်းပြီး ကိုယ်ရေးလုံခြုံမှုပိုရှိကာ သင့် Wi-Fi ဟော့စပေါ့ထက် ပါဝါစားသက်သာသည်။
  • ရုပ်ဝတ္ထုကြားခံသုံး ချိတ်ဆက်မှုဖြင့် မျှဝေရန်အတွက် USB ကြိုး အသုံးပြု၍ သင့်ဖုန်းကို စက်တစ်ခုနှင့် ချိတ်ဆက်နိုင်သည်၊ ၎င်းသည် အချို့အခြေအနေများတွင် ကြိုးမဲ့ချိတ်ဆက်မှုများဖြင့် မျှဝေခြင်းထက် ပိုမိုတည်ငြိမ်ပြီး မြန်နှုန်းမြင့်၍ ဘေးကင်းသော ချိတ်ဆက်မှုကို ပံ့ပိုးပေးသည်။

သင့် ဆယ်လူလာ အစီအစဉ်သည် ဒေတာမျှဝေခြင်းကို ပံ့ပိုးရပါမည်။ သင်မသိပါက သင်၏ ဖုန်းလိုင်းကုမ္ပဏီထံ ဆက်သွယ်ပါ။

သင့်ဟော့စပေါ့ကို အသုံးပြုခြင်း

အဆင့် 1- ၎င်းကို သတ်မှတ်ပါ

  1. အောက်ပါတို့ကို စစ်ဆေးပါ-

  2. ဆက်တင်များ > ကွန်ရက်နှင့် အင်တာနက် > ဟော့စပေါ့နှင့် မိုဘိုင်းမိုဒမ်သို့သွားပါ။
  3. ဝိုင်-ဖိုင်ဟော့စပေါ့ ကို တို့ပြီး အောက်ပါတို့မှ တစ်ခုခုကို လုပ်ပါ-

    • ၎င်းကို ပိုမိုလွယ်ကူစွာ ရှာတွေ့နိုင်အောင်လုပ်ပြီး သင့်ဟော့စပေါ့နှင့် ချိတ်ဆက်ပါ။ သင့်ဟော့စပေါ့အတွက် အမည်ကို တို့ပြီး ပြောင်းပါ။
    • သင့်ဖုန်း၏ ကွန်ရက်အမည်ကို အခြားသူများ မမြင်စေရန် ကာကွယ်ပါ။ ကျွန်ုပ်၏ ကိရိယာကို ဖျောက်ပါ ကို အမှန်ခြစ်ပါ။
    • သင့်လက်ရှိစကားဝှက်ကို ကြည့်ပါ သို့မဟုတ် ၎င်းကိုပြောင်းပါ။ hotspot စကားဝှက်ကို ကို တို့ပါ။
    • ဟော့စပေါ့လိုင်း ပိုကောင်းအောင်လုပ်ပါ။ အနှောင့်အယှက်နည်းစေရန် ထုတ်လွှင့်မှုလိုင်း/လှိုင်းခွင်ကို 5GHz သို့ ပြောင်းပါ။ လိုင်းပိုကောင်းစေရန် ၎င်းကို 2GHz သို့ ပြောင်းပါ။ (ဤဝန်ဆောင်မှုကို နိုင်ငံအားလုံးတွင် အသုံးမပြုနိုင်ပါ။)
    • သင့်ဟော့စပေါ့ကို အခြားစက်များ ရှာတွေ့နိုင်စေရန် ကူညီပါ။ တွဲဖက်သုံးနိုင်မှုကို တိုးရန် ကို ဖွင့်ထားကြောင်း သေချာပါစေ
    • ဟော့စပေါ့ ချိတ်ဆက်သည့်မြန်နှုန်းကို တိုးမြှင့်ပါ။ အခြားသူများ သင့်ဟော့စပေါ့ကို ရှာတွေ့အောင် ကူညီရန် မလိုတော့ပါက တွဲဖက်သုံးနိုင်မှုကို တိုးရန် ကို ပိတ်လိုက်ပါ။
    • ချိတ်ဆက်နိုင်သည့် စက်အရေအတွက်ကို ကန့်သတ်ပါ သို့မဟုတ် သင်သတ်မှတ်ထားသည့် စက်များကိုသာ ဝင်ရောက်သုံးစွဲနိုင်အောင် ပြုလုပ်ပါ။ စက်ပစ္စည်းများကိုစီမံပါ ကိုတို့ပါ။
    • ဘက်ထရီ ပိုခံအောင်လုပ်ပါ။ ဟော့စပေါ့ကို မည်သူမှ အသုံးမပြုပါက ၎င်းကို အလိုအလျောက် ပိတ်သင့်သည့်အချိန်ကို စီစဉ်သတ်မှတ်ရန် အချိန်ကုန်ချိန်ညှိချက်များ ကို တို့ပါ။

အဆင့် 2- စက်များကို ချိတ်ဆက်ပါ

  1. ဆယ်လူလာဒေတာ ဖွင့်ထားခြင်းရှိ၊ မရှိ စစ်ဆေးပါ။ ဆယ်လူလာဒေတာကို ပိတ်ထားပါက သင့်ဖုန်းတွင် မျှဝေရန် အင်တာနက်ချိတ်ဆက်မှု မရှိပါ။
  2. ဆက်တင်များ > ကွန်ရက်နှင့် အင်တာနက် > ဟော့စပေါ့နှင့် မိုဘိုင်းမိုဒမ် သို့ သွားပါ။
  3. ဝိုင်-ဖိုင်ဟော့စပေါ့ ကို တို့ပါ။
  4. Wi‑Fi ဟော့စပေါ့ကို သုံးခြင်း ကို ဖွင့်ပြီး သင့်ဖုန်းကို အားသွင်းရန် ပလပ်ထိုးပါ။ ဟော့စပေါ့ကို အသုံးပြုခြင်းသည် ဘက်ထရီအားကို မြန်ဆန်စွာ ကုန်စေသည်။

    သင်၏ ဟော့စပေါ့ပွင့်နေချိန်တွင် ကို အခြေအနေပြဘား၌ မြင်ရပါမည်။

  5. ချိတ်ဆက်မှုကို သတ်မှတ်ပါ။

    ချိတ်ဆက်ရန်ဒါကိုလုပ်ပါ
    ဖုန်းတစ်လုံး
    1. သင့်ဖုန်းတွင် ဟော့စပေါ့အမည်ဘေးမှ ကို တို့ပြီး တုံ့ပြန်ချက်ပေါ်လာပါက သော့ဖွင့်ပါ။
    2. စကားဝှက်းပေးမည့် QR ကုဒ်ကို အခြားဖုန်း၏ ကင်မရာသုံးပြီး စကန်ဖတ်ပါ။
    အခြားစက်
    1. စက်၏ ဝိုင်ဖိုင် ဆက်တင်များကို ဖွင့်ပါ။
    2. သင့်ဖုန်း၏ ဟော့စပေါ့ကို ရွေးချယ်ပါ။
    3. ဟော့စပေါ့ စကားဝှက်ကို ရိုက်ထည့်ပါ။ ဟော့စပေါ့စကားဝှက် ရှာပုံရှာနည်းကို လေ့လာပါ။

စကားဝှက်ကို ကြည့်ခြင်း သို့မဟုတ် ပြောင်းခြင်း

  1. ဆက်တင်များ > ကွန်ရက်နှင့် အင်တာနက် > ဟော့စပေါ့နှင့် မိုဘိုင်းမိုဒမ် သို့ သွားပါ။
  2. ဝိုင်-ဖိုင်ဟော့စပေါ့ ကို တို့ပါ။
  3. လက်ရှိစကားဝှက်ကို ကြည့်ရန် hotspot စကားဝှက်ကို ကို တို့ပါ။
  4. စကားဝှက်ပြောင်းရန် လက်ရှိစကားဝှက်အပေါ်မှ ထပ်ရိုက်ပါ။
မှတ်ချက်သင့်ဟော့စပေါ့အတွက် စကားဝှက်များကို ပိတ်ထားနိုင်သော်လည်း စကားဝှက်ထားခြင်းသည် သင်၏ ဆယ်လူလာဒေတာအား ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းမှ တားဆီးပေးသည်။

ဟော့စပေါ့ ချိတ်ဆက်မှုများကို စီမံခန့်ခွဲခြင်း

ချိတ်ဆက်မှု အရေအတွက်ကို ကြည့်ရှုခြင်း

သင့်ဟော့စပေါ့သို့ ချိတ်ဆက်ထားသော စက်အရေအတွက်ကို ကြည့်ရန်-

  • အမြန်သုံး ဆက်တင်များ ရှိ အောက်တွင်ကြည့်ပါ။
  • သို့မဟုတ် ဆက်တင်များ > ကွန်ရက်နှင့် အင်တာနက် > ဟော့စပေါ့နှင့် မိုဘိုင်းမိုဒမ် သို့ သွားပြီး ဝိုင်-ဖိုင်ဟော့စပေါ့ အောက်ကို ကြည့်ပါ။

သင့်ဟော့စပေါ့အတွက် စကားဝှက် သတ်မှတ်ခြင်း ဖြင့် သင်မသိဘဲ သို့မဟုတ် သင်၏ခွင့်ပြုချက်မရရှိဘဲ ဟော့စပေါ့သို့ မချိတ်ဆက်နိုင်ပေ။

အားလုံးနှင့် ချိတ်ဆက်မှုဖြုတ်ခြင်း

စက်အားလုံးကို ချိတ်ဆက်မှုဖြုတ်ပြီး ပြန်လည် မချိတ်ဆက်နိုင်စေရန်-

  1. ဟော့စပေါ့ကိုပိတ်ပါ
  2. စကားဝှက်ပြောင်းပါ။
  3. ဟော့စပေါ့ကို သုံးရန်ပြန်ဖွင့်ပါ။

ချိတ်ဆက်နိုင်သူကို ထိန်းချုပ်ခြင်း

စွမ်းဆောင်ရည်ပြဿနာများ ကြုံတွေ့ရပါက ခွင့်ပြုထားသည့် ချိတ်ဆက်မှုအရေအတွက်ကို ကန့်သတ်နိုင်သည် သို့မဟုတ် စက်ပစ္စည်းများကို ယာယီဖြုတ်နိုင်သည်။

  1. ဆက်တင်များ > ကွန်ရက်နှင့် အင်တာနက် > ဟော့စပေါ့နှင့် မိုဘိုင်းမိုဒမ် သို့ သွားပါ။
  2. ဝိုင်-ဖိုင်ဟော့စပေါ့ > စက်ပစ္စည်းများကိုစီမံပါ ကို တို့ပါ။
  3. အောက်ပါတို့အနက် တစ်ခုခုကိုပြုလုပ်ပါ-

    • ခွင့်ပြုသည့် စက်အရေအတွက်ကို ကန့်သတ်ရန် ကိရိယာကန့်သတ်ချက် ကို တို့ပါ။
    • ဟော့စပေါ့ထပ်မလွှင့်မီ စက်များကို ယာယီဖြုတ်ရန် ချိတ်ဆက် စက်များ အောက်ရှိ စက်အမည် > ချိတ်ဆက်ခြင်းရပ်ဆိုင်းရန် ကို တို့ပါ။ ဟော့စပေါ့ကိုပိတ်ပြီး ပြန်မဖွင့်ခင်အထိ စက်ကချိတ်ဆက်နိုင်မည် မဟုတ်ပါ။

သတ်မှတ်ထားသည့် စက်များနှင့်သာ ချိတ်ဆက်ခွင့်ပြုရန်-

  1. ချိတ်ဆက်ခွင့်ပြုလိုသည့် စက်များ၏ MAC လိပ်စာများကို ရယူပါ။ (စက်များကို ဟော့စပေါ့နှင့် ပုံမှန်အတိုင်းချိတ်ဆက်ပြီး စက်ပစ္စည်းများကိုစီမံပါ သို့သွားပါ၊ ချိတ်ဆက်ထားသော စက်တစ်ခုစီ၏အမည်ကိုတို့ပြီး ၎င်းတို့၏ MAC လိပ်စာကိုကြည့်ပါ။)
  2. ခွင့်ပြုထားသောစက်ပစ္စည်းများကိုစီမံပါ > ခွင့်ပြုထားသောကိရိယာထည့်ပါ ကို တို့ပါ။
  3. စက်တစ်ခုချင်းစီအတွက် MAC လိပ်စာနှင့် စက်အမည်ကို ရိုက်ထည့်ပါ။
  4. ခွင့်ပြုစက်များကို ပေါင်းထည့်ပြီးပါက သင်မဖျက်မချင်း ၎င်းတို့ကို သိမ်းထားသည်။ အချိန်မရွေး ကိရိယာအားလုံးကိုခွင့်ပြုပါ အမှန်ခြစ်ထည့်ခြင်း၊ ဖြုတ်ခြင်းတို့ဖြင့်လည်း ဤလုပ်ဆောင်ချက်ကို အဖွင့်အပိတ်လုပ်နိုင်သည်။

ယခင်ခွင့်ပြုထားသည့် စက်တစ်ခုအတွက် ဝင်သုံးခွင့်ကို ကန့်သတ်ရန် စက်အမည်ကိုတို့ပြီးနောက် ဖျက်ရန် ကို တို့ပါ။

USB ချိတ်ဆက်မျှဝေခြင်း

သင့်ဖုန်း၏ ဆယ်လူလာဒေတာနှင့် USB ကြိုးကို အသုံးပြု၍ အင်တာနက်နှင့် စက်ကို ချိတ်ဆက်ရန်-

  1. ဆယ်လူလာဒေတာ ပွင့်မပွင့် ကို စစ်ဆေးပါ။ ဆယ်လူလာဒေတာကို ပိတ်ထားပါက မျှဝေရန်အတွက် သင့်ဖုန်းတွင် အင်တာနက်ချိတ်ဆက်မှု မရှိပါ။
  2. USB ကြိုးသုံးပြီး သင့်ဖုန်းနှင့် ကွန်ပျူတာကို ချိတ်ဆက်ပါ

  3. သင့်ဖုန်းပေါ်တွင် ဆက်တင်များ သို့သွားပါ။
  4. ကွန်ရက်နှင့် အင်တာနက် > ဟော့စပေါ့နှင့် မိုဘိုင်းမိုဒမ် ကို တို့ပါ။
  5. ချိတ်ဆက်မှုကို စတင်ရန် USBမှတဆင့်ချိတ်ဆက်ခြင်း ကိုဖွင့်ပါ။

    သင့် အသိပေးချက်များ ထဲတွင် ကို တွေ့ပါမည်။

ချိတ်ဆက်မှုကို ရပ်ပစ်ရန် အသိပေးချက်ကို တို့၍ USBမှတဆင့်ချိတ်ဆက်ခြင်း ကို ပိတ်ပြီးနောက် သင့်ဖုန်းကို ကွန်ပျူတာမှ ချိတ်ဆက်မှုဖြုတ်ပါ။

ဘလူးတုသ် ချိတ်ဆက်မျှဝေခြင်း

သင့်ဖုန်း၏ ဆယ်လူလာဒေတာနှင့် ဘလူးတုသ် ချိတ်ဆက်မျှဝေခြင်းကို အသုံးပြု၍ စက်ကို အင်တာနက်နှင့် ချိတ်ဆက်ရန်-

  1. ဆယ်လူလာဒေတာ ပွင့်မပွင့်ကို စစ်ဆေးပါ။ ဆယ်လူလာဒေတာကို ပိတ်ထားပါက မျှဝေရန်အတွက် သင့်ဖုန်းတွင် အင်တာနက်ချိတ်ဆက်မှု မရှိပါ။
  2. သင့်ဖုန်းပေါ်ရှိ ဘလူးတုသ်ကို ဖွင့်ပြီး အခြားစက်နှင့် ချိတ်တွဲပါ
  3. ဘလူးတုသ်မှတဆင့် ၎င်း၏ ကွန်ရက်ချိတ်ဆက်မှုကို ရရှိရန် အခြားစက်ကို သတ်မှတ်ပါ။
  4. သင့်ဖုန်းပေါ်တွင် ဆက်တင်များ သို့သွားပါ။
  5. ကွန်ရက်နှင့် အင်တာနက် > ဟော့စပေါ့နှင့် မိုဘိုင်းမိုဒမ် ကို တို့ပါ။
  6. ချိတ်ဆက်မှုကို စတင်ရန် ဘလူးတုသ်တဆင့်ပြန်ချိတ်ဆက် ကိုဖွင့်ပါ။

    သင့် အသိပေးချက်များ ထဲတွင် ကို တွေ့ပါမည်။

ချိတ်ဆက်မှုကို ရပ်ပစ်ရန် အသိပေးချက်ကို တို့၍ ဘလူးတုသ်တဆင့်ပြန်ချိတ်ဆက် ကို ပိတ်ပါ။

ပြဿနာ ဖြေရှင်းခြင်း

ပြဿနာများရှိနေလျှင် ဤပြစ်ချက်ရှာဖြေရှင်းသည့် အဆင့်များအတိုင်း လုပ်ဆောင်ပါ-