ဘလူးတုသ် ပြဿနာများ

ဘလူးတုသ် ကို အော်တိုဖွင့်ထားပြီးဖြစ်သည်

အဆင့်တစ်ဆင့်ပြီးတိုင်း ပြဿနာဖြေရှင်းပြီးခြင်း ရှိမရှိ စစ်ဆေးခြင်း-

  1. သင့်ဖုန်းသည် ဘလူးတုသ်ကို ပိတ်ထားသော်လည်း ယခင်တွဲချိတ်ခဲ့ဖူးသော စက်များကို အလိုအလျောက် ဖြန့်ကျက်ရှာဖွေ၍ ချိတ်ဆက်နိုင်ပါသေးသည်။ ထိုသို့ဖြစ်ခြင်းမှ ရှောင်ကြဉ်ရန် ဘလူးတုသ်ရှာဖွေနေသည်ကို ပိတ်ထားပါ
  2. ဘလူးတုသ်စက်များ (စမတ်နာရီများ၊ ကြံ့ခိုင်ရေးနှင့် ယာဥ်စောင့်ကြည့်ကိရိယာများစသည်) ကို ထိန်းချုပ်သည့် အချို့သော ပြင်ပကုမ္ပဏီအက်ပ်များသည် ဘလူးတုသ်ကို အော်တိုဖွင့်ပေးသည်။ ယင်းသို့ အော်တိုဖွင့်ထားခြင်းသည် ဘလူးတုသ်ကို သင်ပိတ်မရအောင် ဟန့်တားမည်ဖြစ်သည်။

    သင်ထည့်သွင်းထားသည့် ပြင်ပကုမ္ပဏီအက်ပ်သည် ဘလူးတုသ်ကို အော်တိုဖွင့်ထားခြင်းရှိမရှိ စစ်ကြည့်လိုပါက လုံခြုံရေး မုဒ် ကိုသုံး၍ ပြဿနာဖြစ်စေသည့် အက်ပ်ကိုရှာပြီး ၎င်းကိုဖြုတ်ပစ်ပါ။

တွဲချိတ်ခြင်း မပြုနိုင်ပါ

အဆင့်တစ်ဆင့်ပြီးတိုင်း ပြဿနာကို ဖြေရှင်းပြီးခြင်းရှိမရှိ စစ်ဆေးပါ-

  1. အခြေခံအချက်များကို အရင်ဆုံးစစ်ပါ
  2. ဖုန်းရော ဘလူးတုဿ်စက်ပါ ရှာဖွေရေးမုဒ် တွင် ရှိကြောင်း သေချာပါစေ။
  3. ရနိုင်သည့် စက်များစာရင်းကို ပြန်ခေါ်ပါ−

    1. ဆက်တင်များ > ချိတ်ဆက် စက်များသို့ သွားပါ။
    2. စက်အသစ် တွဲချိတ်ရန် ကိုထိပါ။
  4. သင့်ဖုန်းအတွက် ဆော့ဖ်ဝဲ အပ်ဒိတ် ရရှိနိုင်ခြင်း ရှိမရှိ စစ်ဆေးပါ။
  5. သင့်ကားနှင့် တွဲရာတွင် ပြဿနာရှိနေပါက သင်၏ အမျိုးအစားအတွက် ကားထုတ်လုပ်သည့် ကုမ္ပဏီ၏ ညွှန်ကြားချက်များကို ကြည့်ပါ။
  6. ဖုန်းအဆက်အသွယ်များကိုပြန်လည်သတ်မှတ်ပြီး ဖုန်းကိုအားသွင်းပါ။

ယခင်တွဲချိတ်ထားသည့် စက်နှင့် ပြန်လည်ချိတ်ဆက်၍မရပါ

ဘလူးတုသ်စက်နှင့် တွဲချိတ်မှုကို ဖြုတ်ပြီး ပြန်လည်ချိတ်ဆက်ကြည့်ပါ−

  1. ဆက်တင်များ > ချိတ်ဆက် စက်များ သို့ သွားပါ။
  2. တွဲချိတ်ထားသည့်စက်ဘေးရှိ > မေ့ပစ်ရန် ကို တို့ပါ။
  3. စက်ကိုပြန်လည်တွဲချိတ်ကြည့်ပါ

သီချင်းသံမကြားရပါ

အဆင့်တစ်ဆင့်ပြီးတိုင်း ပြဿနာကို ဖြေရှင်းပြီးခြင်းရှိမရှိ စစ်ဆေးပါ-

  1. အခြေခံအချက်များကို အရင်ဆုံးစစ်ပါ
  2. သင့်ဖုန်းနှင့် ကား သို့မဟုတ် ဘလူးတုသ်စက်တွင် အသံကျယ်ထားခြင်းရှိမရှိကို စစ်ကြည့်ပါ။
  3. သင့်ဖုန်းနှင့် ချိတ်ဆက်ထားသည့် အခြားစက်များမှ သီချင်းဖွင့်ထားခြင်းရှိမရှိကို စစ်ကြည့်ပါ။
  4. မီဒီယာ အသံ ကို ဖွင့်ထားခြင်းရှိမရှိ စစ်ကြည့်ပါ -

    1. ဆက်တင်များ > ချိတ်ဆက် စက်များ သို့သွားပါ။
    2. တွဲချိတ်ထားသည့် စက်နှင့် ကပ်လျှက်ရှိ ကို ထိပါ။
    3. မီဒီယာ အသံ ကို စစ်ပြီးကြောင်း သေချာပါစေ။
  5. ပြဿနာမှာ ကားကြောင့်ဖြစ်ပါက ကားအတွက် ညွှန်ကြားချက်များကို ပြန်ကြည့်ပါ။

ဖုန်းခေါ်/ဖုန်းလက်ခံ၍ မရနိုင်ပါ။

အဆင့်တစ်ဆင့်ပြီးတိုင်း ပြဿနာကို ဖြေရှင်းပြီးခြင်းရှိမရှိ စစ်ဆေးပါ-

  1. သင့်ဖုန်းနှင့် တွဲချိတ်ထားသည့် အခြားစက်များမှ သင့်ခေါ်ဆိုမှုများကို လက်ခံရရှိခြင်းရှိမရှိကို စစ်ကြည့်ပါ။
  2. ဖုန်းအသံ ကို ဖွင့်ထားခြင်းရှိမရှိ စစ်ကြည့်ပါ -

    1. ဆက်တင်များ > ချိတ်ဆက် စက်များ သို့သွားပါ။
    2. တွဲချိတ်ထားသည့် စက်နှင့် ကပ်လျှက်ရှိ ကို ထိပါ။
    3. ဖုန်းအသံ ကို စစ်ပြီးကြောင်း သေချာပါစေ
  3. ပြဿနာမှာ ကားကြောင့်ဖြစ်ပါက ကားအတွက် ညွှန်ကြားချက်များကို ပြန်ကြည့်ပါ။

ချိတ်ဆက်မှုရပ်သွားပါသည်

အဆင့်တစ်ဆင့်ပြီးတိုင်း ပြဿနာကို ဖြေရှင်းပြီးခြင်းရှိမရှိ စစ်ဆေးပါ-

  1. ဘလူးတုသ်ကိရိယာနှင့် ဖုန်းတွင် ဘက်ထရီပမာဏကို စစ်ဆေးပြီး လိုအပ်လျှင် အားသွင်းပါ။ ဖုန်း သို့မဟုတ် ဘလူးတုသ် ဘက်ထရီ အားနည်းနေသည့်အခါ ဘလူးတုသ် စက်များသည် ဆက်သွယ်မှု ပြတ်တောက်သွားပါလိမ့်မည် သို့မဟုတ် ဆူညံသံများကို ဖြစ်စေပါလိမ့်မည်။
  2. နေရာချခြင်းကို ချိန်ညှိရန်-

    • ကိရိယာကို မှန်ကန်စွာ ဝတ်ဆင် (သို့) နေရာချထားကြောင်း သေချာပါစေ။
    • နှောင့်ယှက်မခံရစေရန် သော့ (သို့) အကြွေစေ့များကဲ့သို့ သတ္တုပစ္စည်းများကို ဖုန်းနှင့် ကိရိယာမှ ဝေးသည့်နေရာတွင် ထားပါ။
  3. ဤစနစ်အက်ပ်အတွက် ဒေတာကို ရှင်းလင်းကြည့်ပါ-

    1. ဆက်တင်များ > အက်ပ်များ သို့ သွားပြီး အက်ပ် # ခုလုံးကို ကြည့်ရန် ကို နှိပ်ပါ။
    2. > စနစ်အပ်ဖ်များ ပြသရန်ကိုထိပါ။
    3. ဘလူးတုသ် > သိုလှောင်ခန်းနှင့် ကက်ရှ် > သိမ်းထားသည်များကိုရှင်းမည်ကိုထိပါ။

တွဲချိတ်ထားသော စက်သည် အဆက်အသွယ်များကို ကြည့်နိုင်မည် မဟုတ်ပါ

အဆက်အသွယ်မျှဝေမှုကို ဖွင့်ထားခြင်းရှိမရှိ စစ်ကြည့်ပါ−

  1. ဆက်တင်များ > ချိတ်ဆက် စက်များသို့သွားပါ။
  2. တွဲချိတ်ထားသည့် စက်နှင့် ကပ်လျှက်ရှိ ကို ထိပါ။
  3. အဆက်အသွယ်ကို မျှဝေရန် ကို ဖွင့်ထားကြောင်း သေချာပါစေ။
  4. တွဲချိတ်ထားသော စက်တွင် သို့မဟုတ် ၎င်းစက်၏ အက်ပ်တွင် မျှဝေမှု ဆက်တင်များကို စစ်ကြည့်ပြီး ချိန်ညှိပါ။

ပြင်ဆင်ရန်− အခြေခံအချက်များကို အရင်ဆုံးစစ်ပါ

အဆင့်တစ်ဆင့်ပြီးတိုင်း ပြဿနာကို ဖြေရှင်းပြီးခြင်းရှိမရှိ စစ်ဆေးပါ-

  1. သင့်ဖုန်းနှင့် ဘလူးတုသ်စက်၏ ဘက်ထရီအခြေအနေကို စစ်ဆေးကြည့်ပါ။ အားနည်းနေပါက အားသွင်းပါ။
  2. ဖုန်းနှင့်ဘလူးတုသ်စက်ကို ပေ ၃၀ အတွင်းတွင်ထားပါ။ နီးနီးထားလေ၊ စွမ်းဆောင်ရည်ပိုမြင့်လေဖြစ်သည်။
  3. သင့်ဖုန်းတွင် ဘလူးတုသ်ကိုပိတ်ပြီး ပြန်ဖွင့်ပါ။
  4. ဘလူးတုသ်စက်ကိုပိတ်ပြီး ချိတ်ဆက်မှုရပ်ပါ။ ဖုန်းနှင့်အော်တို ပြန်ချိတ်လိုပါက ၎င်းကိုပြန်ဖွင့်ပါ။
  5. သင့်ဖုန်းနှင့် ဘလူးတုသ်ကိရိယာနှစ်ခုစလုံးကို ပိတ်ပြီး ပြန်ဖွင့်ပါ။

ဖွင့်မရသေးပါက အထက်ပါအခန်းများတွင် ဖော်ပြထားသည့် သီးခြားပြဿနာဆိုင်ရာ အဆင့်များကိုလိုက်နာပါ။