အခြေအနေပြဘား အိုင်ကွန်များ

အခြေအနေပြဘား အိုင်ကွန်များအကြောင်း

ပင်မစခရင်ထိပ်ရှိ အခြေအနေပြဘား တွင် သင့်ဖုန်းကို စောင့်ကြည့်ရာတွင် သင့်ကို ကူညီပေးမည့် အိုင်ကွန်များ ပါသည်။

  • ဘယ်ဘက်မှ အိုင်ကွန်များသည် မက်ဆေ့ချ် အသစ်များ (သို့) ဒေါင်းလုဒ်အသစ်များစသည့် အက်ပ်များ အကြောင်းပြောပြသည်။ ဤအိုင်ကွန်တစ်ခုခု၏ အဓိပ္ပါယ်ကို သင်မသိလျှင် အသေးစိတ်ကိုသိရန် အခြေအနေပြဘားကို အောက်သို့ဆွဲချပါ။
  • ညာဘက်မှ အိုင်ကွန်များသည် သင့်ဖုန်း၏ဘက်ထရီအားပမာဏနှင့် ကွန်ရက်ချိတ်ဆက်မှုများကို သင့်အား ပြောပြသည်။

အစက်တစ်စက်သည် ကြည့်စရာ နောက်ထပ်အိုင်ကွန်များ ရှိသည်ဟုဆိုလိုသည်။ အိုင်ကွန်အားလုံးကို ကြည့်ရန် စခရင်ထိပ်မှ အောက်သို့ဆွဲချပါ။

အခြေအနေပြ အိုင်ကွန်များက ဘာကိုဆိုလိုသလဲ

၎င်းတို့သည် သင့်ဖုန်းတွင်ပါလာသည့် အက်ပ်များမှ အိုင်ကွန်များနှင့် ဖုန်းအခြေအနေပြ အိုင်ကွန်များဖြစ်သည်။

ဖုန်းခေါ်ဆိုမှုများ
ပြောနေဆဲ ဖုန်းခေါ်ဆိုမှု။
လွဲသွားသော ဖုန်းခေါ်ဆိုမှု။
စပီကာဖုန်း ပွင့်နေသည်။
မိုက်ခရိုဖုန်း အသံပိတ်ထားသည်။
ကွန်ရက်
ဆယ်လူလာ/မိုဘိုင်းကွန်ရက် (လိုင်းအပြည့်) ချိတ်ဆက်ပြီးဖြစ်သည်။ သင့်ကွန်ရက်ချိတ်ဆက်မှု၏ အမြန်နှုန်းကိုလည်း ဖော်ပြထားမည်ဖြစ်သည်။ အနှေးဆုံးမှ အမြန်ဆုံးအထိ ဖြစ်နိုင်သော အမြန်နှုန်းများမှာ 3G၊ H၊ H+၊ 4G၊ 5G တို့ ဖြစ်သည်။ အသုံးပြုနိုင်သော အမြန်နှုန်းများသည် သင်၏ဖုန်းလိုင်းဝန်ဆောင်မှုပေးသူနှင့် သင်၏တည်နေရာပေါ်မူတည်ပါသည်။
မတူညီသော ဆယ်လူလာ/မိုဘိုင်း ကွန်ရက်သို့ ချိတ်ဆက်ထားသည် (အခြားဒေသကွန်ရက်)။
ဒေတာချွေတာမှု ပွင့်နေပြီး အက်ပ်များ နောက်ခံဒေတာ အသုံးပြုခြင်းမှ ကာကွယ်ပေးသည်။
လိုင်းမိနေသည့် Wi‑Fi ကွန်ရက်။
Wi‑Fi ကွန်ရက်သို့ ချိတ်ဆက်ထားသည်
VPN ကွန်ရက်နှင့် ချိတ်ဆက်ထားသည်
မည်သည့် SIM ကတ်မှမရှိပါ။
တည်နေရာ ဝန်ဆောင်မှုများကို အသုံးပြုနေသည်။
လေယာဉ်မုဒ် ပွင့်နေသည်။
ချိတ်ဆက်နိုင်မှု
ဘလူးတုသ် ချိတ်ဆက်ပြီး။
ယုံကြည်စိတ်ချရသော စက် ကို ချိတ်ဆက်ထားသည်။
သင့်ဖုန်းသည် Wi‑Fi ဟော့စပေါ့ ဖြစ်သည်။ စက်များသည် သင့်ဒေတာချိတ်ဆက်မှုကို ဝေမျှရန် ချိတ်ဆက်နိုင်သည်။
ကြိုးမဲ့ ပြသမှု (သို့) အဒက်တာကို ချိတ်ဆက်ထားသည်။
USB ကြိုး ဖြင့်ချိတ်ဆက်ထားသည်။
USB ကွန်ရက်မျှဝေခြင်းကို ဖွင့်ထားသည်။
NFC ဖွင့်ထားသည်။အချို့သော နိုင်ငံများတွင်ရောင်းချထားသော ဤဖုန်း၏ ဗားရှင်းအချို့တွင်သာ ဤဝန်ဆောင်မှုကို အသုံးပြုနိုင်သည်။
ဆင့်ခ်နှင့် အပ်ဒိတ်များ
အက်ပ် အပ်ဒိတ်များကို Play စတုိး မှ ဒေါင်းလုဒ် လုပ်နိုင်သည်။
အီးမေးလ်နှင့် ပြက္ခဒိန်ဆင့်ခ်ကို လုပ်ဆောင်နေဆဲဖြစ်သည်။
အပ်လုဒ်လုပ်ပြီးပါပြီ။
ဒေါင်းလုဒ်ဆွဲပြီးပါပြီ။
Googleအရံ သိမ်းဆည်းမှု လုပ်ဆောင်နေဆဲဖြစ်သည်။
Google အရံ သိမ်းဆည်းပြီးပါပြီ။
အသံ
တုန်ခါပါ။
မနှောင့်ယှက်ရ
မနှောင့်ယှက်ရ ကို ဖွင့်ထားသည်။
ဘက်ထရီ
ဘက်ထရီကို အားအပြည့်သွင်းထားသည်။
ဘက်ထရီအားသွင်နေသည်။
ဘက်ထရီ အားနည်းနေသည်။
အလွန်အကျွံကာကွယ်မှု သည် ဘက္ထရီကို ၈၀% တွင် ကန့်သတ်ထားသည်။
ဖုန်းသည် ဘက်ထရီ ချွေတာခြင်း မုဒ်တွင် ရှိနေသည်။
နှိုးစက်နှင့် ပြက္ခဒိန်
နှိုးစက် ကိုသတ်မှတ်ထားသည်။
ပြက္ခၡဒိန် ထဲရှိ လာမည့် ဖြစ်ရပ်။
အီးမေးလ်နှင့် မက်ဆေ့ချ်ပို့ခြင်း
မက်ဆေ့ချ်Gmail အသစ်။
စာသားမက်ဆေ့ချ် အသစ်။
အသံ မေးလ် အသစ်။
အရေးကြီးသတိပေးချက်။
အခြား အိုင်ကွန်များ
ကိုယ်ရေးလုံခြုံမှု ဖော်ပြချက်။ အက်ပ်တစ်ခုက သင့်မိုက်ခရိုဖုန်း သို့မဟုတ် ကင်မရာကို အသုံးပြုနေသည်။
လှုပ်ရှားနေသော GIF ရရှိနိုင်သည်။
စခရင် မှတ်တမ်းတင်မှု လုပ်ဆောင်နေသည်။
အာရုံစိုက်မုဒ် ဖွင့်သည်။

သင်ဒေါင်းလုဒ်ဆွဲသည့် အက်ပ်များသည် ၎င်းတို့၏ အခြေအနေနှင့် ပတ်သက်၍ သင့်အားသတိပေးရန် အခြားအိုင်ကွန်များကို ပြသနိုင်သည်။

အချို့သော အင်္ဂါရပ်များ၊ ဝန်ဆောင်မှုများနှင့် အပလီကေးရှင်းများသည် ကွန်ရက် (သို့) ဖုန်းလိုင်းကုမ္ပဏီပေါ်တွင် မူတည်နေပြီး နေရာအားလုံးတွင် အသုံးပြုနိုင်မည်မဟုတ်ပါ။