ဘလူးတုသ် နှင့် ချိတ်ဆက်ခြင်း

သင့်ဖုန်းကို ကြိုးမလိုဘဲ အခြားစက်များနှင့် ချိတ်ဆက်ရန် ဘလူးတုသ် ကို အသုံးပြုနိုင်သည်။ ဘလူးတုသ်စက်နှင့် ပထမဆုံးအကြိမ် တွဲချိတ်ပြီးနောက် သင့်စက်များသည် အလိုအလျောက် ချိတ်ဆက်နိုင်သည်။

ဘလူးတုသ်ကို ဖွင့်/ပိတ်ပါ။

ဘလူးတုသ်သည် သင့်ဘက်ထရီကို ပိုကုန်စေသောကြောင့် အသုံးမပြုလျှင် ၎င်းအား ပိတ်ပါ။

  1. အမြန်ဆက်တင်များကို ဖွင့်ပါ
  2. အဖွင့်/အပိတ်ပြုလုပ်ရန် ကို တို့ပါ။

စက်များနှင့် တွဲချိတ်ခြင်းနှင့် အသုံးပြုခြင်း

ဘလူးတုသ် ဆက်စပ်ပစ္စည်း သို့မဟုတ် အခြားစက်တစ်လုံးနှင့် ချိတ်ရန် ၎င်းနှင့် သင်ကတွဲပေးထားရန် လိုပါသည်။ စက်တစ်လုံးအတွက် တစ်ကြိမ်သာ ယင်းသို့လုပ်ရန် လိုပါသည်။

သင့်စက်များကို တွဲချိတ်မှု မဖြုတ်မချင်း ၎င်းတို့သည် တွဲချိတ်နေပါမည်။

စက်တစ်ခုနှင့် တွဲချိတ်ခြင်း

  1. သင့်ဖုန်းက ၎င်းအား ရှာတွေ့နိုင်စေရန် ဘလူးတုသ် ရှာဖွေမုဒ်တွင် သင် တွဲဖက်ထားလိုသည့် (ဆက်စပ်ပစ္စည်း၊ ကွန်ပျူတာ သို့မဟုတ် အခြားဖုန်း စသဖြင့်) စက်ကို သတ်မှတ်ပါ။ စက်ထုတ်လုပ်သူ၏ ညွှန်ကြားချက်များကို ကြည့်ရှုပါ။
  2. သင့်ဖုန်းပေါ်တွင် ဆက်တင်များ > ချိတ်ဆက် စက်များ သို့သွားပါ။
  3. ကို တို့ပါ။

    ရနိုင်သော စက်များကို ဖုန်းက ရှာဖွေတွေ့သည့်အတိုင်း ကို သင်မြင်ရပါမည်။

  4. ရနိုင်သော စက်တစ်လုံးနှင့်ချိတ်ရန် တို့ပါ။
  5. အောက်ပါတို့အနက် တစ်ခုခုကိုပြုလုပ်ပါ-

    • သင့်ဖုန်းနှင့် ဘလူးတုသ်စက်ပေါ်တွင် ချိတ်တွဲသည့်ကုဒ်တစ်ခု ပေါ်လာလျှင် ယင်းကုဒ်များ တူညီမှုရှိကြောင်း သေချာပါစေ။ (မတူညီပါက၊ ထားတော့ ကို တို့ပါ၊ သင်ချိတ်လိုသော စက်အမည်ကို အတည်ပြုပြီး ထပ်ကြိုးစားပါ။)
    • သင့်စက်တွင် လျှို့ဝှက်ကီး (0000 သို့မဟုတ် 1234 ကဲ့သို့) တစ်ခုကို ပြသလျှင် သင့်ဖုန်းတွင် ၎င်းကို ရိုက်ထည့်ပါ။ ၎င်းအား ရိုက်ထည့်ရမည့်နေရာကို မတွေ့ပါက သင့်စခရင်ထိပ်မှ အောက်သို့ ပွတ်ဆွဲချပြီး ဘလူးတုသ် အသိပေးချက်ကို တို့ပါ။
    • သင့်ဖုန်းသည် ဖြတ်သန်းကီးတစ်ခုကို မပြသပါက တွဲဖက်ရမည့် စက်အတွက် ယင်းကုဒ်တစ်ခုကို သင် ရိုက်ထည့်ရပါမည်။ စက်ထုတ်လုပ်သူ၏ ညွှန်ကြားချက်ကို ကြည့်ပါ။
  6. သင့်ဖုန်းတွင် အတူတွဲပါ ကို တို့ပါ။ တွဲချိတ်ရန်ညွှန်ကြားချက်ကို အခြားစက်တွင်လည်း စစ်ဆေးပါ။ ၎င်းတွင် ပေါ်ပါက စက်နှစ်ခုလုံးတွင် အတည်ပြုရန် လိုအပ်ပါမည်။ သို့မဟုတ်ပါက တွဲချိတ်ခြင်း အောင်မြင်မည်မဟုတ်ပါ။

  7. အဆက်အသွယ်များ၊ ဖုန်းအသံ၊ မီဒီယာအသံ သို့မဟုတ် အင်တာနက် ချိတ်ဆက်သုံးခွင့်တို့ကို သင်က မျှဝေလိုလျှင် မျှဝေရန် ရွေးချယ်စရာများ ကို သတ်မှတ်ပါ။

အကြံပြုချက်စခရင်လော့ခ်ကို သုံးလျှင် ချိတ်ဆက်ထားသော ဘလူးတုသ်စက်ကို ယုံကြည်ရသော စက်အဖြစ် သတ်မှတ်ပြီး ၎င်းနှင့်ချိတ်ဆက်ထားစဉ် သင့်ဖုန်းကို သော့ဖွင့်ထားနိုင်သည်။ ချိတ်ဆက်မှုဖြုတ်လိုက်သည့်အခါဖြစ်စေ၊ ချိတ်ဆက်နိုင်သည့် အကွာအဝေးပြင်ပသို့ ရောက်သွားသည့်အခါဖြစ်စေ သင့်ဖုန်းကို လော့ခ်ပြန်ချပါမည်။ ဆက်တင်များ > လုံခြုံရေး > Smart Lock > ယံုၾကည္ရေသာ စက္မ်ား သို့ သွားပါ။

တွဲ၍ မရဘူးလား။ ပြဿနာကို အဖြေရှာပါ။

တွဲချိတ်ထားသောစက်ကို အသုံးပြုခြင်း

အကြံပြုချက်ဘလူးတုသ်ချိတ်ဆက်မှုများသည် ဘက်ထရီကို တကယ် ကုန်စေပါသည်။ စက်နှင့်ချိတ်ဆက်မထားလျှင် ဘလူးတုသ်ကို ပိတ်ခြင်းဖြင့် ပါဝါကို ချွေတာပါ။

စက်တစ်လုံးနှင့် တွဲချိတ်ပြီးနောက် သင်သည် မျှဝေမည့်နည်းများကို သတ်မှတ်ရန်လိုပြီး ယင်းနောက် အောက်ပါတို့ကိုလုပ်ရန် ဘလူးတုသ်ကို သုံးနိုင်သည်-

  • နားကြပ်သုံး၍ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခြင်း သို့မဟုတ် ဖုန်းဖြေခြင်း
  • သင့်ကား၏ အော်ဒီယိုစနစ်ကိုသုံး၍ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခြင်း သို့မဟုတ် ဖုန်းဖြေခြင်းနှင့် တေးဂီတဖွင့်ခြင်း
  • တေးဂီတ လွှဲပြောင်းခြင်း
  • ဓာတ်ပုံများ မျှဝေခြင်း
  • အဆက်အသွယ်များ မျှဝေခြင်း
  • သင့်ဖုန်း၏ အင်တာနက်ချိတ်ဆက်မှုကို သင့်ကွန်ပျူတာနှင့် မျှဝေခြင်း

စက်တစ်ခုနှင့် ပြန်လည်ချိတ်ဆက်ခြင်း

  1. အမြန်ဆက်တင်များကို ဖွင့်ပြီး ကို ဖွင့်ပါ။
  2. ဘလူးတုသ်စက်ကို ဖွင့်ပါ။

သီးသန့် သတ်မှတ်ခြင်း၊ အမည်ပြန်ပေးခြင်း သို့မဟုတ် ဖယ်ရှားခြင်း

တွဲချိတ်ထားသောစက်အတွက် မျှဝေမည့်နည်းများကို သတ်မှတ်ခြင်း

  1. ဆက်တင်များ > ချိတ်ဆက် စက်များသို့သွားပါ။
  2. စက်အမည်ဘေးရှိ ကို တို့ပါ။
  3. မျှဝေရန် ရွေးချယ်စရာများကို ဖွင့်/ပိတ်ပါ။
  4. တွဲဖက်ထားသည့် စက်ပေါ်တွင် သို့မဟုတ် စက်၏ အက်ပ်ထဲတွင် သုံးသပ်၊ ချိန်ညှိရန် ဘလူးတုသ်ဆက်တင်များကို ရှာပါ။နောက်ထပ် အချက်အလက်များအတွက် တွဲဖက်ချိတ်ဆက်ထားသော စက်အား ထုတ်လုပ်သူ၏ လမ်းညွှန်ချက်များကို ကြည့်ပါ။

ဖုန်း၏အမည်ကို ပြောင်းလဲခြင်း

သင့်ဖုန်းကို အခြားဘလူးတုသ်စက်များနှင့် တွဲချိတ်ထားသောအခါတွင် သင့်ဖုန်း၏အမည်ကို အဆိုပါစက်များတွင် မြင်တွေ့ရမည်။ သင်သည် အမည်ပြောင်းနိုင်သည်။

  1. ဆက်တင်များ > ချိတ်ဆက် စက်များ သို့ သွားပါ။
  2. > စက်အမည် ကို တို့ပါ။

စက်တစ်ခုကို ဖယ်ရှား (တွဲချိတ်မှုဖြုတ်) ခြင်း

  1. ဆက်တင်များ > ချိတ်ဆက် စက်များ သို့ သွားပါ။
  2. စက်ဘေးရှိ > မေ့ပစ်ရန် ကို တို့ပါ။

ဘလူးတုသ် စကန်ဖတ်ခြင်းကို ပိတ်ခြင်း

ဘလူးတုသ်ကို ပိတ်ထားသည့်အခါ သင့်ဖုန်းသည် ယခင်က တွဲချိတ်ခဲ့ဖူးသော စက်များကို စကန်ဖတ်ပြီး အလိုအလျောက် ချိတ်ဆက်ပေးနိုင်ပါသေးသည်။ ထိုသို့ဖြစ်ခြင်းမှ ရှောင်ကြဉ်ရန် ဘလူးတုသ်ရှာဖွေနေသည် ကို ပိတ်ထားပါ။

စကန်ဖတ်ခြင်းကို ပိတ်ထားရန်-

  1. ဆက်တင်များ > တည်နေရာ သို့ သွားပါ။
  2. တည်နေရာဆားဗစ်များ ကို တို့ပါ။
  3. ဘလူးတုသ်ရှာဖွေနေသည် ကို ပိတ်ပါ

၎င်းကိုပိတ်ပါက သင်၏ တည်နေရာကို အသုံးပြုသော အက်ပ်များသည်လည်း အလုပ်လုပ်မည်မဟုတ်ပါ။

ပြဿနာ ဖြေရှင်းခြင်း

ဘလူးတုသ် စက်နှင့်ပတ်သက်ပြီး ပြဿနာများရှိနေလျှင် ဤပြစ်ချက်ရှာဖြေရှင်းသည့် အဆင့်များအတိုင်း လုပ်ဆောင်ပါ