တည်နေရာ ဝန်ဆောင်မှုများကို အသုံးပြုခြင်း

တည်နေရာအချက်အလက်အကြောင်း

သင်၏တည်နေရာကို ခန့်မှန်းရန်အတွက် GPS၊ ဝိုင်ဖိုင်ကွန်ရက်၊ မိုဘိုင်းကွန်ရက်နှင့် အာရုံခံစနစ်များ အသုံးပြုခြင်းကို သင့်ဖုန်းအား ခွင့်ပြုပေးနိုင်သည်။ သင်ခွင့်ပြုချက်ပေးထားသော အက်ပ်များသည် ဤအချက်အလက်များကို အသုံးပြု၍ တည်နေရာပြခြင်း၊ ယာဉ်ကြော ကြည့်ရှုခြင်း၊ အနီးအနားရှိ စားသောက်ဆိုင်များ ရှာဖွေခြင်း၊ သို့မဟုတ် သင်ရိုက်ယူခဲ့သော ဓာတ်ပုံတည်နေရာကို တွဲမှတ်ခြင်းများ ကဲ့သို့သော တည်နေရာ အခြေပြု ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်သည်။

တည်နေရာကို ဖွင့်/ပိတ် ခြင်း

သင့်ဖုန်းကအသုံးပြုနိုင်သည့် တည်နေရာအချက်အလက်ကို ထိန်းချုပ်ရန်-

  1. ဆက်တင်များ > တည်နေရာ သို့သွားပါ။
  2. သင်၏ တည်နေရာ အချက်အလက်ကို ပေးရန် သို့မဟုတ် ဖယ်ရှားရန်အတွက် တည်နေရာကို သုံးရန် ကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ

    ပိတ်ထားပါက သင့်ဖုန်းမှ သင်၏တည်နေရာ အတိအကျကို ရှာဖွေခြင်း သို့မဟုတ် မျှဝေခြင်း မပြုလုပ်နိုင်ပါ။ သို့သော် ၎င်းကိုပိတ်ထားခြင်းသည် အသုံးဝင်သော လုပ်ဆောင်ချက်များနှင့် အက်ပ်များကို ပိတ်ပင်စေနိုင်သည်။

အကြံပြုချက်တည်နေရာ အကွက်ကို အမြန်ဆက်တင်များတွင် ထည့်ရန် အမြန် ဆက်တင်များကို ဖွင့်ပါ ကို တို့ပါ။ ထို့နောက် တည်နေရာ အကွက်ကို သင်အလိုရှိသော နေရာသို့ ဆွဲယူပါ။

သင်၏ တည်နေရာကို အသုံးပြုသည့် အက်ပ်များကို ပြန်လည်သုံးသပ်ခြင်း

မည်သည့် အက်ပ်များက သင်၏ တည်နေရာကို မကြာသေးမီက ရယူသုံးစွဲထားကြောင်း ကြည့်ရှုရန်-

  1. ဆက်တင်များ > တည်နေရာ > အက်ပ်တည်နေရာ ခွင့်ပြုချက်များ သို့သွားပါ။

    အချိန်တိုင်း ခွင့်ပြုထားသော၊ အချို့အချိန်တွင် ခွင့်ပြုထားသောနှင့် ခွင့်ပြုမထားသော အစီအစဉ်အလိုက် စီထားသည့် အက်ပ်များစာရင်းကို တွေ့ရပါမည်။

  2. ခွင့်ပြုချက်များကို ပြောင်းလဲရန် အက်ပ်အမည်ကို တို့ပါ၊ ထို့နောက် သင်အလိုရှိသော တည်နေရာ ဝင်ရောက်သုံးစွဲခွင့်ကို ရွေးချယ်ပါ။

သင်၏ တည်နေရာကို အသုံးပြုသည့် ဝန်ဆောင်မှုများကို ပြန်လည်စစ်ဆေးခြင်း

  1. ဆက်တင်များ > တည်နေရာ > တည်နေရာဆားဗစ်များ သို့သွားပါ။
  2. ဝန်ဆောင်မှုတစ်ခု၏ဆက်တင်များကို ဖွင့်ရန် ၎င်းကို တို့ပါ-

    • Earthquake alerts- အနီးတစ်ဝိုက်ရှိ ပြင်းအား 4.5 နှင့်အထက်ရှိသော ငလျင်များအကြောင်း သတိပေးချက် ပေးပို့သည်။ (နိုင်ငံအားလုံးတွင် မရရှိနိုင်ပါ။)
    • အရေးပေါ်တည်နေရာဝန်ဆောင်မှု - သင်မှ အရေးပေါ် ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုသောအခါ သို့မဟုတ် စာပို့သောအခါ အရေးပေါ် ပြန်ကြားရေးသို့ သင်၏ဖုန်းတည်နေရာကို ပေးပို့သည်
    • တည်နေရာ တိကျမှန်ကန်မှု - မြေပုံများ နှင့် Find Hub တို့အတွက် တည်နေရာတိကျမှု ပိုမိုကောင်းမွန်စေရန်။
    • Google တည်နေရာမှတ်တမ်း- မှတ်ထားသော တည်နေရာအသေးစိတ်များ ရှင်းလင်းရန်နှင့် တည်နေရာမှတ်တမ်းထားရှိမှု အဖွင့်/အပိတ်လုပ်ရန်။
    • Google တည်နေရာ မျှဝေမှု- သင်၏တည်နေရာ မျှဝေသူတို့အား ကြည့်ရှုရန်၊ မျှဝေသည့် ကာလပြောင်းလဲရန်နှင့် မျှဝေမှု ရပ်ဆိုင်းရန်။
    • ဝိုင်ဖိုင်ရှာဖွေနေသည်- ဝိုင်ဖိုင်ပိတ်ထားစေကာမူ အက်ပ်နှင့် ဝန်ဆောင်မှုများက ဝိုင်ဖိုင်ကွန်ရက်များကို အချိန်မရွေး စကန်ဖတ်ခြင်း ခွင့်ပြုသည် သို့မဟုတ် တားမြစ်သည်။
    • ဘလူးတုသ်ရှာဖွေနေသည်- ဘလူးတုသ်ပိတ်ထားစေကာမူ အက်ပ်နှင့် ဝန်ဆောင်မှုများက အနီးရှိ ဘလူးတုသ်စက်များကို အချိန်မရွေး စကန်ဖတ်ခြင်း ခွင့်ပြုသည် သို့မဟုတ် တားမြစ်သည်။

ပြဿနာ ဖြေရှင်းခြင်း

ပြဿနာ- တည်နေရာ အလုပ်မလုပ်ခြင်း

အဆင့်တစ်ဆင့်ပြီးတိုင်း ပြဿနာပြေလည်ခြင်းရှိမရှိ စစ်ဆေးပါ။

  1. တည်နေရာကို ပိတ် ၍ ပြန်ဖွင့်ပါ။
  2. လေယာဉ်မုဒ်ကို ဖွင့်ပါ ၁၅-၂၀ စက္ကန့်စောင့်၍ ပြန်လည်ပိတ်ပါ။
  3. ဖုန်းကာဗာအသုံးပြုပါက ချွတ်၍ GPS အလုပ်လုပ်ခြင်း ရှိမရှိ စစ်ဆေးပါ။ ဖုန်းကာဗာသည် အာရုံခံစနစ်ကို ပိတ်ဆို့ထားနိုင်သည်။
  4. ဘက်ထရီ ချွေတာခြင်း ဖွင့်ထားခြင်း ရှိမရှိ စစ်ဆေးပါ။ ဘက်ထရီ ချွေတာခြင်း ကို ဖွင့်ထားသောအခါ ဖုန်းအားခြွေတာစေရန် သင့်ဖုန်း၏ တည်နေရာပြသမှုကို ပိတ်ထားမည်ဖြစ်သည်။
  5. သင့်ဖုန်းကို ပိတ်ပြီးပြန်ဖွင့်ပါ။
  6. မြေပုံများ အက်ပ်အတွက် အပ်ဒိတ်ရှိမရှိ စစ်ဆေးပါ။ အက်ပ်ကို အပ်ဒိတ်ပြုလုပ်ပြီးပါက ဖုန်းကို ပိတ်၍ ပြန်ဖွင့်ပါ။
  7. မြေပုံများအက်ပ်၏ ယာယီမှတ်ဉာဏ်များကို ရှင်းပစ်ပါ။
  8. သင်ထည့်သွင်းထားသည့် အက်ပ်များက ပြဿနာဖြစ်စေခြင်း ဟုတ်မဟုတ် ကြည့်ရန် လုံခြုံရေးမုဒ် ကို အသုံးပြုပြီး လိုအပ်ပါက ဖျက်ပစ်ပါ။

    အကယ်၍ တည်နေရာသည် လုံခြုံရေးမုဒ်တွင် မှန်ကန်စွာ အလုပ်လုပ်ပါက ပြင်ပအက်ပ်မှ ပြဿနာတက်စေခြင်း ဖြစ်နိုင်သည်။ အက်ပ်တော်တော်များများမှ သင့်ဖုန်း၏ တည်နေရာကို အသုံးပြုသည်။ ၎င်းအက်ပ်များတွင် ဖိုင်ပျက်များ ပါဝင်လာပါက သင့်ဖုန်း၏ တည်နေရာအပေါ်တွင်လည်း သက်ရောက်မှုရှိနိုင်သည်။

ပြဿနာ- တည်နေရာ မမှန်ကန်ခြင်း

မှန်ကန်တိကျမှုကို ဖွင့်ပါ-

  1. ဆက်တင်များ > တည်နေရာ သို့သွားပါ။
  2. တည်နေရာဆားဗစ်များ > တည်နေရာ တိကျမှန်ကန်မှု ကို တို့ပါ။
  3. Improve location accuracy ကိုဖွင့်ပါ

    ဤဆက်တင်ကို ဖွင့်ထားပါက အတိကျဆုံး တည်နေရာကို ရရှိရန် သင့်ဖုန်းမှ GPS ၊ Wi-Fi ၊ မိုဘိုင်းကွန်ရက် နှင့် အာရုံခံစနစ်များကို အသုံးပြုမည်ဖြစ်သည်။

    ပိတ်ထားပါက တည်နေရာရှာရန် သင့်ဖုန်းမှ GPS တစ်မျိုးတည်းကိုသာ အသုံးပြုမည် ဖြစ်သောကြောင့် ပိုမိုနှေးကွေး၍ တိကျမှုလျော့နိုင်သည်။

သင့်ဖုန်းကို အနီးအနားရှိ ဝိုင်ဖိုင်ကွန်ရက်များနှင့် ဘလူးတုသ် စက်ပစ္စည်းများအား စစ်ဆေးခွင့်ပြုပါ။

  1. ဆက်တင်များ > တည်နေရာ သို့သွားပါ။
  2. တည်နေရာဆားဗစ်များ ကို တို့ပါ။
  3. ဝိုင်ဖိုင်ရှာဖွေနေသည် နှင့် ဘလူးတုသ်ရှာဖွေနေသည် ကို ဖွင့်ပါ