SIM နှစ်ကတ်ကို စီမံခြင်း

SIM နှစ်ကတ်အကြောင်း

SIM ကတ်အစစ်နှင့် eSIM အသုံးပြုနေပါက-

  • ပင်မ စခရင်၏ ထိပ်တွင် ကို တွေ့ပါမည်။ ကို တွေ့ပါက ပြဿနာကို ဖြေရှင်းပါ
  • SIM နှစ်ကတ်လုံးတွင် ဖုန်းခေါ်ခြင်း၊ ဖုန်းဖြေခြင်းနှင့် စာမက်ဆေ့ချ် ပို့ခြင်း၊ လက်ခံခြင်းတို့ ပြုလုပ်နိုင်သည်။
  • (အခြားအသုံးပြုသူများ သို့မဟုတ် ဧည့်သည်များ မဟုတ်ဘဲ) ဖုန်း၏ ပိုင်ရှင်ကသာ SIM နှစ်ကတ် ဆက်တင်များကို ဝင်ရောက်သုံးစွဲနိုင်သည်။

SIM များကို စနစ်ချိန်ညှိသတ်မှတ်ခြင်း

ဖုန်းခေါ်ဆိုမှုအတွက် SIM များကို သတ်မှတ်ခြင်း

  1. ဆက်တင်များ > ကွန်ရက်နှင့် အင်တာနက် > ဆင်းမ်ကတ်များ & မိုဘိုင်းကွန်ရက် သို့ သွားပါ။
  2. ခေါ်ဆိုခြင်း အောက်တွင် ဆက်တင်များကို ချိန်ညှိရန်-

    • ဖုန်းခါ်ဆိုမှုအားလုံးအတွက် SIM တစ်ကတ်တည်းကို သုံးရန် SIM ကို ရွေးချယ်ပါ။
    • သင် ဖုန်းခေါ်ဆိုသည့်အချိန်တိုင်း SIM ရွေးရန် အမြဲမေးပါ ကို ရွေးချယ်ပါ။
    • SIM ကို အသုံးပြု၍ သုံးကြိမ် ဖုန်းခေါ်ဆိုပြီးနောက် ၎င်းကို အဆက်အသွယ်တစ်ခုအတွက် အလိုအလျောက်သတ်မှတ်ရန် Smart SIM ကို ဖွင့်ပါ ။ SIM တစ်ခုကို ကိုယ်တိုင်သတ်မှတ်ခြင်းဖြင့်လည်း ၎င်းကို အချိန်မရွေးပြောင်းနိုင်သည်။
    • SIM တစ်ကတ်ကို အဆက်အသွယ်တစ်ခုနှင့်အထက်အတွက် ကိုယ်တိုင်သတ်မှတ်ရန် SIM ကို အဆက်အသွယ်များထံ သတ်မှတ်ပါ။ ကို တို့ပြီးနောက် SIM တဘ်သို့ သွားကာ အဆက်အသွယ်များကို ရွေးချယ်ပါ။

မက်ဆေ့ချ်များအတွက် ဦးစားပေး SIM ကို ရွေးခြင်း

မက်ဆေ့ချ်များအတွက် အသုံးပြုရန် ဦးစားပေး SIM ကို ရွေးနိုင်သည်။ ထိုသို့ရွေးသည့်အခါ စာများ အက်ပ် ၏ စာသားအကွက်တွင် ၎င်းကို ပုံသေအဖြစ် တွေ့ရပါမည်။

  1. ဆက်တင်များ > ကွန်ရက်နှင့် အင်တာနက် > ဆင်းမ်ကတ်များ & မိုဘိုင်းကွန်ရက် သို့ သွားပါ။
  2. မက်ဆေ့ချ်များအတွက် SIM အောက်တွင် SIM ကို ရွေးချယ်ပါ။

အခြား SIM မှ မက်ဆေ့ချ်ပို့လိုပါက စာများ အက်ပ် တွင် ကို တို့ပြီး SIM ကို ရွေးချယ်ပါ။

မိုဘိုင်းဒေတာအတွက် ဦးစားပေး SIM ရွေးခြင်း

  1. ဆက်တင်များ > ကွန်ရက်နှင့် အင်တာနက် > ဆင်းမ်ကတ်များ & မိုဘိုင်းကွန်ရက် သို့ သွားပါ။
  2. မိုဘိုင်းဒေတာအတွက် SIM ကို တို့ပါ။
  3. သင့်ဦးစားပေး SIM ကို ရွေးချယ်ပါ။
  4. သင့်ဦးစားပေး SIM ဖြင့် ချိတ်ဆက်၍မရပါက မိုဘိုင်းဒေတာအား မည်သို့သုံးလိုသည်ကို ရွေးပါ-

    • သင်၏ အခြား SIM ကို အသုံးပြုလိုပါက SIM အလိုအလျောက်ပြောင်းပါ။ ကို ဖွင့်ပါ
    • မိုဘိုင်းဒေတာအတွက် သင်၏ အခြား SIM ကို ဘယ်တော့မှ အသုံးမပြုလိုပါက SIM အလိုအလျောက်ပြောင်းပါ။ ကို ပိတ်ပါ

SIM ကို ယာယီပိတ်ထားခြင်း

ခရီးသွားနေစဉ်၊ ကိုယ်ရေးကိုယ်တာ ကိစ္စများရှိလျှင် သို့မဟုတ် ကွန်ရက်ပြဿနာများကို ရှာဖွေဖြေရှင်းနေစဉ်ကဲ့သို့ တစ်ခါတစ်ရံတွင် သင့် SIM ကတ်ကို မိုဘိုင်း ကွန်ရက်နှင့်ချိတ်ဆက်မှု ယာယီဖြတ်တောက်ထားရန် လိုအပ်နိုင်ပါသည်။ ဆက်တင်များ တွင် SIM ကတ်ကို ပိတ်၍ ထိုသို့ဖြတ်တောက်ထားနိုင်ပြီး ပြန်လည်အသုံးပြုရန် အဆင်သင့်ဖြစ်သည့်အခါ ပြန်ဖွင့်နိုင်ပါသည်။

SIM ကတ်ပိတ်ထားပါက မိုဘိုင်း ကွန်ရက်နှင့် ချိတ်ဆက်မှုပြတ်တောက်သွားမည်ကို သတိရပါ။ ထို့ကြောင့် SIM ကတ်ကို ပြန်မဖွင့်မီအထိ ထို SIM ကတ်ဖြင့် ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် ဖုန်းဖြေခြင်း၊ မက်ဆေ့ချ်များ ပို့ခြင်း သို့မဟုတ် လက်ခံခြင်း သို့မဟုတ် မိုဘိုင်းဒေတာအသုံးပြုခြင်းများ မပြုလုပ်နိုင်ပါ။

  1. ဆက်တင်များ > ကွန်ရက်နှင့် အင်တာနက် > ဆင်းမ်ကတ်များ & မိုဘိုင်းကွန်ရက် သို့ သွားပါ။
  2. SIM အမည်ဘေးတွင် SIM ကိုပိတ်ပါ သို့မဟုတ် ဖွင့်ပါ