သင့်ဖုန်းကို မျှသုံးခြင်း

သင့်ဖုန်းအား မျှသုံးနည်း

  • အသုံးပြုသူများ ထည့်ရန်။ သင်၏ဖုန်းကို မိသားစု၊ မိတ်ဆွေများ သို့မဟုတ် လုပ်ငန်းတစ်ခုအတွင်း မျှသုံးဖြစ်ပါက ၎င်းတို့ တစ်ဦးစီအတွက် သီးခြား အသုံးပြုသူနေရာများကို သင်က သတ်မှတ်နိုင်သည်။
  • ဧည့်သည်အနေဖြင့် အခြားသူများအား ငှားရန်။ ဤနေရာသည် သုံးပြီးနောက်တွင် သင် သို့မဟုတ် ဧည့်သည်က ဖျက်ပစ်နိုင်သော နောက်ထပ်ယာယီနေရာတစ်ခုဖြစ်သည်။
  • သင့်မိသားစုဝင်များ မသုံးသင့်သည့် သို့မဟုတ် မပြောင်းသင့်သည့် လုပ်ဆောင်ချက်များ သို့မဟုတ် ဆက်တင်များကို ဝင်သုံးနိုင်ခြင်းမရှိဘဲ ၎င်းတို့အသုံးပြုရန် လိုအပ်သည့် အက်ပ်များဖြင့်သာ ကာကွယ်ထားသော နေရာတစ်ခု ဖန်တီးပါ။ ပိုမိုလေ့လာရန် Family Space အက်ပ်ကို ဖွင့်ပြီး > အကူအညီ ကို နှိပ်ပါ။
  • စခရင် ပင်ထိုးရန်။ ယင်းက သတ်မှတ် အက်ပ် သို့မဟုတ် စခရင်မြင်ကွင်းတစ်ခုတွင်သာ ရှိနေစေသည်။ ဥပမာ- သင်သည် ဂိမ်းတစ်ခုကို ပင်ထိုးထားနိုင်ပြီး သင့်ကလေးသည် သင့်ဖုန်း၏ အခြားမည်သည့်နေရာကိုမှ ဝင်မ​ကြည့်နိုင်ပါ။

ပိုင်ရှင်များ အသုံးပြုသူများနှင့် ဧည့်သည်များအကြောင်း

ပိုင်ရှင်က လုပ်နိုင်သည်မှာ-

  • အသုံးပြုသူများနှင့် ဧည့်သည်များသည် ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ဂျ်များ ရိုက်ပို့ခြင်းကို လုပ်နိုင်မည်-မလုပ်နိုင်မည်ကို ဆုံးဖြတ်နိုင်ပြီး ဖုန်း၏ ဖုန်းခေါ်မှတ်တမ်းနှင့် စာရိုက်ပို့မှတ်တမ်းတို့ကို ၎င်းတို့အား ကြည့်ခွင့်လည်း ပြုနိုင်ပါသည်။
  • မည်သည့်အက်ပ်မဆိုကို ပြန်သတ်မှတ်ရန်၊ အပ်ဒိတ်လုပ်ရန်နှင့် ဖြုတ်ချရန်။
  • ဖုန်းထဲမှ ဆက်စပ်အကောင့်မှန်သမျှနှင့် ဒေတာများကို ဖယ်ရှားခြင်းဖြင့် အသုံးပြုသူများနှင့် ဧည့်သည်များကို ဖျက်ပစ်ရန်။

အသုံးပြုသူများနှင့် ဧည့်သည်များက လုပ်နိုင်သည်များမှာ-

  • Google အကောင့်များ နှင့် အခြား အကောင့်အမျိုးအစားများကို စနစ်တွင် ထည့်ရန်။ စခရင်သော့တစ်ခု သတ်မှတ်ရန်။
  • စခရင်သော့တစ်ခု သတ်မှတ်ပြီး လက်ဗွေ လုံခြုံရေးကို သုံးရန်။
  • ပင်မစခရင်နှင့် ၎င်းတို့ နေရာများအတွက် ဆက်တင်များကို စိတ်ကြိုက်လုပ်ရန်။
  • ၎င်းတို့၏ နေရာများအတွက် အက်ပ်များကို ထည့်ရန်နှင့်ဖျက်ရန်၊ မည်သူကအင်စတောလုပ်ထားသည်ဆိုခြင်းနှင့်မသက်ဆိုင်ဘဲ ၎င်းတို့သုံးသော အက်ပ်မှန်သမျှကို အပ်ဒိတ်လုပ်ရန်။
အရေးကြီးသည်သင်၏ ပိုင်ရှင် ပရိုဖိုင်သို့ ကူးပြောင်းပြီး သင့်အချက်အလက်များကို ဝင်သုံးခြင်းမှ ကာကွယ်ရန် သင့်ဖုန်းကို အသုံးပြုသူများ သို့မဟုတ် ဧည့်သည်များနှင့် မမျှဝေမီတွင် စခရင်သော့တစ်ခု သတ်မှတ်ပါ။

သင့်ဖုန်းကို အသုံးပြုသူများ သို့မဟုတ် ဧည့်သည်များနှင့် မျှသုံးသောအခါ အချို့အက်ပ်များသည် ပိုင်ရှင်အတွက်သာ ရနိုင်မည်ဖြစ်ပြီး အသုံးပြုသူများ သို့မဟုတ် ဧည့်သည်များအတွက် မဟုတ်ပါ။

အသုံးပြုသူများ ပြောင်းရန်

ပိုင်ရှင်ကသာ ဖုန်းငှားရမ်းရန်အတွက် ဧည့်သည်ပရိုဖိုင်ကို ပြောင်းနိုင်ပြီး အသုံးပြုသူပရိုဖိုင်များအကြား ကူးပြောင်းနိုင်သည်။

အသုံးပြုသူ ပရိုဖိုင်များ ပြောင်းရန် သို့မဟုတ် မည်သည်ကို လက်ရှိဖွင့်ထားကြောင်း ကြည့်ရန် အမြန်ဆက်တင်များကို ဖွင့်ပါအသုံးပြုသူတစ်ဦး သတ်မှတ်ရန် သို့မဟုတ် ဧည့်သည်တစ်ဦး ထည့်ရန် သင်က လုပ်ဆောင်ပြီးနောက် ယင်းအိုင်ကွန်များအနက်မှ တစ်ခုကို စခရင်ထိပ်တွင် သင်မြင်ရပါမည်။

ပိုင်ရှင် (သင်သည် အဆက်အသွယ်များ ထဲတွင် သင့်ပရိုဖိုင်ကို သတ်မှတ်ပြီး ပုံထည့်သွင်းထားပါက ယင်းအစား ပုံနှင့် သင့်အမည်ကို သင် မြင်တွေ့ရပါမည်။)
ဧည့်သည်
အသုံးပြုသူ ထည့်ရန်