ကင်မရာဖွင့်ရန် ဖုန်းကို လှည့်ခြင်း

အမြန်ရိုက် ကို သုံး၍ သင့်ဖုန်းစခရင် လော့ခ်လုပ်ထားချိန်တွင်ပင် ကြိုက်ရာစခရင်မှ သင့်ကင်မရာကို ချက်ချင်း ဖွင့်ပါ။

ဖုန်းကို ဤကဲ့သို့ နှစ်ကြိမ်လှည့်ပါ-

ကင်မရာ ပွင့်လာပြီး သင် ရိုက်ကူးရန် အသင့်ဖြစ်ပါပြီ။

အရှေ့ (ဆယ်လ်ဖီ) ကင်မရာသို့ ပြောင်းရန် ထပ်မံပြီး နှစ်ကြိမ်လှည့်ပါ။

သင့်ကင်မရာကို အခြားသူများအား အသုံးမပြုစေလိုပါက အမြန်ရိုက် ကို ပိတ်ထားနိုင်သည်။ သို့သော် စခရင်လော့ခ်တစ်ခုကို သုံးပါက မပူပါနှင့် --သင်၏ ကင်မရာ အက်ပ်ကိုသာလျှင် အသုံးပြုနိုင်သည်။ ရှိပြီးသား ဓာတ်ပုံများကို ကြည့်ရန် သို့မဟုတ် အခြားလုပ်ဆောင်ချက်များ၊ အက်ပ်များကို ကြည့်ရန် သင့်ဖုန်းကို သော့ဖွင့်ရပါမည်။

အမြန်ရိုက် ကို ဖွင့် (သို့) ပိတ်ရန်-

  1. ဆက်တင်များ > ဟန္မူရာမ်ားသို့ သွားပါ။

    သို့မဟုတ် Moto အက်ပ်ကို ဖွင့်ပြီး > ဟန္မူရာမ်ား ကို နှိပ်ပါ။

  2. အမြန်ရိုက် ကို ဖွင့် (သို့) ပိတ်ပါ။