အက်ပ်ဒေတာ သုံးစွဲမှုကို ထိန်းချုပ်ခြင်း

မိုဘိုင်း ဒေတာ ဖွင့်/ပိတ်ရန်

အမြန်သုံးဆက်တင်များကို ဖွင့်ပြီး မိုဘိုင်းဒေတာ ကို တို့ပါ။

ဆယ်လူလာ ဒေတာကို ပိတ်ထားသည့်အခါ Wi-Fi ဖြင့် ဒေတာအသုံးပြုနိုင်နေဆဲဖြစ်သည်။

လုပ်ဆောင်လိုပါက ဆယ်လူလာဒေတာကို "ဖွင့်" ထားရပါမည်-

ဒေတာသတိပေးချက်ကို သတ်မှတ်ထားရှိပြီး ကန့်သတ်ပါ

ဒေတာ ပလန်များတွင် ကန့်သတ်ချက်များ ရှိတတ်ပြီး ထိုကန့်သတ်ချက်များကို ကျော်လွန်သုံးစွဲမိရန် လွယ်ကူလှပါသည်။ သုံးစွဲမှုသတိပေးချက် သတ်မှတ်ခြင်းသည် သင်၏ကန့်သတ်ချက် ပြည့်ခါနီးချိန် သင့်ကို သတိပေး၍ အံ့အားသင့်စရာများမဖြစ်အောင် ကာကွယ်နိုင်သည်။ ဆယ်လူလာဒေတာ ကန့်သတ်ချက်သို့ ရောက်ရှိသည့်အခါ ၎င်းကို ပိတ်ရန်အတွက် သုံးစွဲမှု ကန့်သတ်ချက်ကို သတ်မှတ်ထားနိုင်သောကြောင့် မျှော်လင့်မထားသော အခကြေးငွေများ ကျသင့်ခြင်းမှ ကင်းဝေးစေသည်။

  1. ဆက်တင်များ > ကွန်ရက်နှင့် အင်တာနက် > မိုဘိုင်းဒေတာ သို့ သွားပါ။
  2. လိုအပ်ပါက SIM အမည်ကို တို့ပါ။
  3. ဒေတာ သတိပေးချက်နှင့် ကန့်သတ်ချက် ကို တို့ပါ။
  4. သတိပေးချက် သတ်မှတ်ရန် ဒေတာသတိပေးချက် သတ်မှတ်ရန် ကို ဖွင့်ပါ ၊ ယင်းနောက် ဒေတာသတိပေးချက် ကို တို့ပြီး ဒေတာပမာဏ ထည့်ပါ။
  5. သုံးစွဲမှု ကန့်သတ်ချက်သတ်မှတ်ရန် ဒေတာ ကန့်သတ်ချက် သတ်မှတ်ရန် ကို ဖွင့်ပါ ၊ ယင်းနောက် ဒေတာအကန့်အသတ် ကို တို့ပြီး ဒေတာပမာဏ ထည့်ပါ။

နောက်ခံဒေတာကို ကန့်သတ်ရန်

သင်သည် လတ်တလောအသုံးပြုနေခြင်း မရှိစေကာမူ အက်ပ်အများစုသည် အချက်အလက်များ တပြေးညီပေါင်းစည်းရန်နှင့် အသိပေးချက်များ ဖော်ပြရန် ဒေတာကို နောက်ခံတွင် အသုံးပြုသည်။

သင့်တွင် ဒေတာနည်းနေချိန် ဒေတာချွေတာရန်အတွက် ဒေတာချွေတာမှု ကို သုံး၍ အက်ပ်အားလုံးအတွက် နောက်ခံဒေတာကို ပိတ်ပါ။ ဒေတာချွေတာမှု ကို ဖွင့်ထားသည်ဖြစ်စေ၊ ပိတ်ထားသည်ဖြစ်စေ သတ်မှတ်အက်ပ်များကိုလည်း နောက်ခံဒေတာ သုံးနေခြင်းမှ တားဆီးနိုင်သည်။

အသိပေးချက်များ ရပ်သွားသည်- အက်ပ်တစ်ခုအတွက် နောက်ခံဒေတာကို ပိတ်ထားသည့်အခါ အက်ပ် ဆင့်ခ်လုပ်နိုင်စေရန် ၎င်းကို သင်မဖွင့်မချင်း အက်ပ်မှ မည်သည့်အသိပေးချက်ကိုမျှ ရရှိမည်မဟုတ်ပါ။

ဒေတာ နည်းနေသောအခါ အက်ပ်အားလုံးကို ကန့်သတ်ခြင်း

  1. ဆက်တင်များ > ကွန်ရက်နှင့် အင်တာနက် > ဒေတာချွေတာမှု သို့ သွားပါ။

  2. 'ဒေတာ ချွေတာမှုစနစ်' ကို သုံးရန် ကိုဖွင့်ပါ

    သင်၏ အခြေအနေပြဘားတွင် ကို သင်မြင်ရမည်ဖြစ်ပြီး အက်ပ်အားလုံးအား နောက်ခံတွင် ဒေတာသုံးခြင်းမှ တားမြစ်လိုက်သည်။

  3. အက်ပ်အချို့ကို နောက်ခံတွင် ဒေတာသုံးခွင့်ပြုရန် ကန့်သတ်မဲ့ မိုဘိုင်းဒေတာ ကို တို့ပြီးနောက် အက်ပ်အမည်ဘေးတွင် ခလုတ်ကို ပွတ်ဆွဲပြီး ဖွင့်ပါ

သတ်မှတ်အက်ပ်များကို အလုံးစုံ ကန့်သတ်ခြင်း

  1. ဆက်တင်များ > ကွန်ရက်နှင့် အင်တာနက် > ဆင်းမ်ကတ်များ & မိုဘိုင်းကွန်ရက်သို့ သွားပါ။

  2. SIM အမည်ကို နှိပ်ပါ။
  3. သင်သုံးထားသည့် ဒေတာပမာဏ (MB) ကိုပြသပေးသည့် ဘားကို တို့ပါ။
  4. အက်ပ်တစ်ခုကို တို့ပြီးနောက် နောက်ခံဒေတာ ကို ပိတ်ပါ

SIM နှစ်ကတ်

သင့်ဖုန်းသည် SIM နှစ်ကတ်ရှိလျှင် တစ်ကြိမ်တွင် SIM ကတ်တစ်ကတ်သာ ဒေတာပွင့်ပါသည်။ မည်သည့် SIM အားသုံးမည်ကို သင်က ထိန်းချုပ် နိုင်ပါသည်။