သင့်ပင်မခရင်အကြောင်း

သင့်ဖုန်းကို ဖွင့်ပြီး လော့ခ်ဖြေသောအခါ သို့မဟုတ် စခရင်အောက်ခြေမှ အပေါ်သို့ပွတ်ဆွဲသောအခါ ပင်မ စခရင်ကို တွေ့ရပါသည်။

ပင်မစခရင်များကြားရွှေ့ရန် ညာ (သို့) ဘယ်သို့ ပွတ်ဆွဲပါ။

စခရင်ပေါ်ရှိ အရာများ

  1. အခြေအနေပြဘား- သင့်ဖုန်း၏ ဘက်ထရီနှင့် ကွန်ရက် ချိတ်ဆက်မှုပြ အိုင်ကွန်များနှင့် အချိန်ကို ပြသသည်။ အသိပေးချက်များနှင့် အမြန် ဆက်တင်များကို ကြည့်ရန်နှင့် သင့်ဖုန်းကို ပိတ် ရန် အောက်သို့ ပွတ်ဆွဲပါ။
  2. ဝဒ်ဂျစ်- အချက်အလက် (သို့) မကြာခဏအသုံးပြုသည့် လုပ်ငန်းများသို့ အမြန်ဝင်ရောက်နိုင်ရန်ုအတွက် သင့်ပင်မစခရင်တွင် ဝဒ်ဂျစ်များကို ထပ်ထည့်နိုင်သည်
  3. ရှော့ကတ်- သင်မကြာခဏအသုံးပြုသည့် အက်ပ်များ (သို့) ဝဘ်စာမျက်နှာများကိုဖွင့်ရန် ရှော့ကတ်များကို သင်ထည့်နိုင်သည်။
  4. အကြိုက်ဆုံးများ နေရာ- သင်အသုံးအများဆုံး အက်ပ်များကို တစ်ချက်နှိပ်ရုံဖြင့် မည်သည့် ပင်မ စခရင် စာမျက်နှာမှမဆို ဝင်သုံးနိုင်စေသည်။ ဤနေရာတွင် ပေါ်လာမည့် အက်ပ်များကို သင့်စိတ်ကြိုက်သတ်မှတ်နိုင်သည်
  5. လမ်းညွှန်ဘား- အက်ပ်များနှင့် စခရင်များအကြား ရွှေ့ရန် ဟန်မူရာများကို အသုံးပြုပါ။ ဟန်မူရာများကို အသုံးပြုနိုင်သော်လည်း ဘားကို ဝှက်ထားရမည်။ သို့မဟုတ် ယင်းအစား ဘားကို   လမ်းညွှန်အိုင်ကွန်များနှင့် အစားထိုးနိုင်သည်။
  6. ဖိုင်တွဲ- အက်ပ်ရှော့ကတ်များကို စုစည်းရန် ဖိုင်တွဲများထည့်ပါ

စခရင်များကို ထည့်ခြင်း/ဖယ်ရှားခြင်း

နောက်ထပ်ပင်မစခရင်များကို ညာဘက်တွင် ထည့်နိုင်သည်။ စာမျက်နှာတစ်ခုကို ထည့်ရန် အက်ပ်ရှော့ကတ် (သို့) ဝစ်ဂျစ်ကို လက်ရှိစာမျက်နှာ၏အစွန်းသို့ ဆွဲယူလာပြီးနောက် စခရင်အသစ်ပေါ်တွင် နေရာချပါ။

ပင်မစခရင်တစ်ခုကို ဖယ်ရှားရန် အက်ပ်များ၊ ဝစ်ဂျစ်များနှင့် ဖိုင်တွဲများအားလုံးကို စခရင်မှ ဆွဲယူပါ။ နောက်ဆုံးပစ္စည်းကို ဖယ်ရှားပြီးနောက် ပင်မစခရင်ကို ဖယ်ရှားပါမည်။

ပင်မစခရင်ကို စိတ်ကြိုက်လုပ်ပါ

၎င်းကို စီစဉ်နေရာချပါ-

  • ရွှေ့လိုသော ဖိုင်ကို ထိထားပါ၊ ထို့နောက် တည်နေရာအသစ်သို့ ဆွဲယူပါ။
  • အိုင်ကွန်များကို ဖိုင်တွဲများတွင် စုဖွဲ့ပါ။
  • အက်ပ်အားလုံးစာရင်းကို ရှာမည့်နေရာရွေးပါ- အက်ပ်ပြသရာနေရာ သို့မဟုတ် ပင်မစခရင်ပေါ် တိုက်ရိုက်တွင်။

လမ်းညွှန်သွားရောက်သည့်ပုံစံကို ပြောင်းပါ- သင်သည် လမ်းညွှန်ဘားကို    လမ်းညွှန်အိုင်ကွန်များဖြင့် အစားထိုးနိုင်သည်။

ပုံစံ ပြောင်းပါ-

  • နောက်ခံပုံဝစ်ဂျစ်များ နှင့် အခြား ပင်မစခရင် ဆက်တင်များ ကို စိတ်ကြိုက်လုပ်ခြင်းအတွက် ရွေးချယ်စရာများကို ကြည့်ရန် ပင်မစခရင်ရှိ နေရာလွတ်ကို ထိထားပါ။
  • သင့်စခရင်အတွက် အသစ်စက်စက်ပုံစံနှင့် ခံစားချက်ကို ရရှိရန် မတူညီသည့် လောင်ချာကို အသုံးပြုနိုင်သည်