SD ကတ် ပြဿနာများ

ဖုန်းသည် SD ကတ်အသစ်ကို အသိအမှတ်မပြုပါ

သင့်ဖုန်းသည် သင်ထည့်သွင်းထားသည့် ကတ်အသစ်ကို အသိအမှတ်မပြုပါက ဤအဆင့်များကို လုပ်ဆောင်ကြည့်ပါ။ အဆင့်တစ်ဆင့်ပြီးတိုင်း ပြဿနာကို ဖြေရှင်းပြီးခြင်းရှိ၊ မရှိ စစ်ဆေးပါ။

  1. သင့်ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်ပါ။
  2. ကတ်တွင် ပျက်စီးမှု သို့မဟုတ် အံဝင်အောင်ချိန်ညှိမှုပြဿနာရှိ၊ မရှိ စစ်ဆေးရန်-

    1. သင့်ဖုန်းကို ပိတ်ပြီး ကတ်ကို ဖြုတ်လိုက်ပါ။ ပျက်စီးမှုရှိ၊ မရှိ စစ်ဆေးပါ။ မပျက်စီးပါက ကတ်ကို ပြန်လည်ထည့်သွင်းပါ။
    2. ကတ်သည် ၎င်း၏အပေါက်တွင် လုံးဝအထိုင်ကျနေပြီး ကတ်ထည့်အံခွက်သည် ဖုန်းထဲသို့ အလွယ်တကူ လျှောဝင်သွားကြောင်း သေချာပါစေ။
    3. ဖုန်းကို ဖွင့်ပါ။
  3. ကတ်ထည့်ထားကြောင်း စစ်ဆေးပါ-

    1. ဆက်တင်များ > သိမ်းဆည်းနေရာ သို့ သွားပါ။
    2. ကို နှိပ်ပြီး သင့် SD ကတ်ကို ရွေးချယ်ပါ။
    3. > တပ်ဆင်ရန် ကို နှိပ်ပါ။
    4. သင့်ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်ပါ။
  4. ကတ်၏ အမျိုးအစားနှင့် ဝင်ဆံ့မှုပမာဏသည် သင့်ဖုန်းနှင့် ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးပါ။ ကိုက်ညီမှုမရှိပါက သတ်မှတ်ချက်များနှင့် ကိုက်ညီသော အခြား SD ကတ်ကို အသုံးပြုပါ။
  5. သင့်ဖုန်း၏ ပြဿနာမဟုတ်ဘဲ ကတ်ကိုယ်၌က ပြဿနာဖြစ်နေကြောင်း အတည်ပြုရန်အတွက် အခြား SD ကတ်ကို ထည့်သွင်းပါ။

ဖုန်းသည် SD ကတ်ကို ဖောမတ်ချ၍မရပါ

အောက်ပါတို့ကို လုပ်ကြည့်ပါ-

  • ကတ်၏ အမျိုးအစားနှင့် ဝင်ဆံ့မှုပမာဏသည် သင့်ဖုန်းနှင့် ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးပါ။ ကိုက်ညီမှုမရှိပါက သတ်မှတ်ချက်များနှင့် ကိုက်ညီသော အခြား SD ကတ်ကို အသုံးပြုပါ။
  • Windows ကွန်ပျူတာတွင် SD ကတ်ဖတ်စက်နှင့် SD ကတ်ဖောမတ်ချသည့် အက်ပ်ကို အသုံးပြု၍ ကတ်ကို ဖောမတ်ချကြည့်ပါ။

ဖုန်းသည် SD ကတ်ကို ဖတ်နေရာမှ ရပ်တန့်သွားသည်

အဆင့်တစ်ဆင့်ပြီးတိုင်း ပြဿနာကို ဖြေရှင်းပြီးခြင်းရှိ၊ မရှိ စစ်ဆေးပါ-

  1. သင့်ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်ပါ။
  2. ကတ်တွင် ပျက်စီးမှု သို့မဟုတ် အံဝင်အောင်ချိန်ညှိမှုပြဿနာရှိ၊ မရှိ စစ်ဆေးရန်-

    1. သင့်ဖုန်းကို ပိတ်ပြီး ကတ်ကို ဖြုတ်လိုက်ပါ။ ပျက်စီးမှုရှိ၊ မရှိ စစ်ဆေးပါ။ မပျက်စီးပါက ကတ်ကို ပြန်လည်ထည့်သွင်းပါ။
    2. ကတ်သည် ၎င်း၏အပေါက်တွင် လုံးဝအထိုင်ကျနေပြီး ကတ်ထည့်အံခွက်သည် ဖုန်းထဲသို့ အလွယ်တကူ လျှောဝင်သွားကြောင်း သေချာပါစေ။
    3. ဖုန်းကို ဖွင့်ပါ။
  3. ကတ်ထည့်ထားကြောင်း စစ်ဆေးပါ-

    1. ဆက်တင်များ > သိမ်းဆည်းနေရာ သို့ သွားပါ။
    2. ကို နှိပ်ပြီး သင့် SD ကတ်ကို ရွေးချယ်ပါ။
    3. > တပ်ဆင်ရန် ကို နှိပ်ပါ။
    4. သင့်ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်ပါ။
  4. ကတ်ကို ဖတ်နိုင်ခြင်းရှိမရှိ စစ်ဆေးရန် အခြားစက်ကို သုံးခြင်း-

    1. ကတ်ကို အခြားစက်ထဲသို့ ထည့်သွင်းပါ။
    2. ထိုစက်သည် ကတ်ကို ဖတ်နိုင်သည့်အပြင် ဖိုင်များရှိနေပါက ဖိုင်များကို သင့်ကွန်ပျူတာတွင် ဘက်ခ်အပ်လုပ်ထားပါ။

  5. Windows ကွန်ပျူတာနှင့် ချိတ်ဆက်ထားသော USB SD ကတ်ဖတ်စက်ဖြင့် ချို့ယွင်းချက်များရှိ၊ မရှိ စစ်ဆေးပါ-

    1. USB ကတ်ဖတ်စက်ထဲသို့ ကတ်ထည့်သွင်းပါ။
    2. ကျွန်ုပ်၏ကွန်ပျူတာကို ဖွင့်၍ SD ကတ်ပေါ်တွင် ညာကလစ်နှိပ်ပြီး သတ်မှတ်ချက်များ > ဝန်ဆောင်မှု > ဒစ်ခ်တွင် ချို့ယွင်းချက်ရှိ၊ မရှိ စစ်ဆေးရန်ကို ရွေးချယ်ပါ။ သင့်ကတ်အရွယ်အစားနှင့် အသုံးပြုမှုအပေါ် မူတည်၍ ဤလုပ်ငန်းစဉ်သည် တစ်နာရီအထိ ကြာနိုင်ပါသည်။
  6. Windows ကွန်ပျူတာတွင် SD ကတ်ဖတ်စက်နှင့် SD ကတ်ဖောမတ်ချသည့် အက်ပ်ကို သုံး၍ ကတ်ကို ပြန်လည်ဖောမတ်ချပါ။ ကတ်ကိုဖောမတ်ချလျှင် ကတ်ထဲရှိ ဒေတာအားလုံးကို ဖျက်ပစ်ပါမည်။ သင်ပြန်လည်ဖောမတ်မချမီ သင့် PC မှနေ၍ SD ကတ်ထဲရှိဖိုင်များကို ဝင်သုံးနိုင်ပါက ၎င်းတို့ကို သင့်ကွန်ပျူတာသို့ ကူးယူပါ။ ထို့နောက် သင့်ကတ်ကို FAT32 သို့ ဖောမတ်ချရန်အတွက် SD ကတ်ဖောမတ်ချသည့် အက်ပ်ကို အသုံးပြုပါ။
  7. SD ကတ်အသစ်ကို စမ်းကြည့်ပါ။

အက်ပ်များသည် SD ကတ်ရှိ ဖိုင်များကို ကြည့်၍မရပါ

မည်သည့်အက်ပ်ကမျှ ကတ်ရှိ ဖိုင်များကို ကြည့်၍မရလျှင်-

  1. Play စတုိး မှ မတူညီသော ဖိုင်မန်နေဂျာအက်ပ်ကို ထည့်သွင်းပါ။ ထိုအက်ပ်ကို သုံးပြီး ကတ်ရှိ ဖိုင်များကို မြင်ရ၊ မမြင်ရ စစ်ဆေးပါ။
  2. Windows ကွန်ပျူတာကို သုံး၍ ဖိုင်များကို မြင်ရ၊ မမြင်ရ စစ်ဆေးခြင်း-

    1. သင့်ဖုန်းကို ပိတ်ပြီး ကတ်ကို ဖြုတ်ပါ။
    2. ကတ်ကို ကွန်ပျူတာ၏ SD ကတ်အပေါက် သို့မဟုတ် ချိတ်ဆက်ထားသော USB SD ကတ်ဖတ်စက်တွင် ထည့်ပါ။

ကတ်ရှိဖိုင်များကို သတ်မှတ်အက်ပ်တစ်ခုဖြင့် ကြည့်၍မရပါက-

  1. ဖိုင်များပျောက်ဆုံးနေသည့် အက်ပ်ကို ဖွင့်ပါ။
  2. အက်ပ်၏ ဆက်တင်များတွင် သိမ်းဆည်းရာနေရာကို စက်တွင်း သို့မဟုတ် ဖုန်းမှတ်ဉာဏ် မဟုတ်ဘဲ SD ကတ် အဖြစ်သတ်မှတ်ပါ။

ကွန်ပျူတာသည် SD ကတ်ရှိ ဖိုင်များကို ကြည့်၍မရပါ

​ပြဿနာရှာဖွေဖြေရှင်းသည့် အဆင့်တစ်ဆင့်ပြီးတိုင်း သင့်ပြဿနာကို ဖြေရှင်းပြီးခြင်းရှိ၊ မရှိ စစ်ဆေးပါ-

  1. အားသွင်းရန်အတွက်သီးသန့်မဟုတ်ဘဲ ဒေတာလည်းလွှဲပြောင်းနိုင်သည့် USB ကြိုးကို သုံးပါ။
  2. ဖိုင်လွှဲပြောင်းနိုင်စေရန်အတွက် သင်သည် USB ချိတ်ဆက်မှု အမျိုးအစားကို သတ်မှတ်ထားကြောင်း သေချာပါစေ။