ကလစ်ဘုတ်မျှဝေခြင်း

Clipboardကို ဖွင့်ထားချိန်တွင် စာသားကူးယူခြင်း၊ စခရင်ရှော့(တ်) ဖန်တီးခြင်း သို့မဟုတ် ဓာတ်ပုံရိုက်ခြင်းတို့ ပြုလုပ်ပြီးနောက် ချိတ်ထားသော PC နှင့် အန်းဒရွိုက် စက်များရှိ စာရွက်စာတမ်း သို့မဟုတ် အီးမေးလ်ထဲသို့ ၎င်းကို ချက်ချင်းကူးထည့်နိုင်သည်။

  1. PC ကို အန်းဒရွိုက်စက်နှင့် ချိတ်ပါ။
  2. သင့် PC ပေါ်တွင် Smart Connect ကို ဖွင့်၍ files တဘ်သို့ သွားပြီးနောက် Clipboardကို နှိပ်ပါ။ Clipboardကို ဖွင့်ထားကြောင်း သေချာပါစေ။
  3. သင့် အန်းဒရွိုက် စက်ပေါ်တွင် Smart Connect ကို ဖွင့်၍ ဆက်တင်များ > files > မျှဝေရန်အချက်အချာသို့ သွားပြီးနောက် Clipboardကို ဖွင့်ပါ။ ယုံကြည်ရသော ကိရိယာသို့လည်း သွားပြီး Clipboard အကြောင်းအရာ စင့်ခ်လုပ်မည့် စက်များကို ရွေးချယ်ပါ။
  4. ချိတ်ထားသောစက်တစ်ခုခုပေါ်တွင် စာသား သို့မဟုတ် ဖိုင်ကို ကူးယူပါ၊ စခရင်ရှော့(တ်) ဖန်တီးပါ သို့မဟုတ် ဓာတ်ပုံရိုက်ပါ။
  5. Smart Connect သည် အကြောင်းအရာကို စက်နှစ်ခုလုံး၌ files > Clipboardတွင် ပြသပြီး ၎င်းကို ဖိုင်တွဲ သို့မဟုတ် စာရွက်စာတမ်းထဲသို့ ကူးထည့်နိုင်သည်။
  6. ယခင်က ကလစ်ဘုတ်သို့ ကူးထားသည့်အရာကို ကူးထည့်ရန် Clipboard မှတ်တမ်းထဲတွင် ၎င်းကို တို့ပါ သို့မဟုတ် နှိပ်ပါ၊ ပြီးလျှင် ၎င်းကို ကူးထည့်ပါ။ Smart Connect သည် နောက်ဆုံး ကလစ် ငါးခုကို တစ်နာရီကြာ သိမ်းထားပေးသည်။

ကလစ်ဘုတ်မျှဝေခြင်းကို ခဏရပ်ရန် ကို တို့ပြီးနောက်Clipboard pausedကို ဖွင့်၍ ခဏရပ်မည့်ကြာချိန်ကို သတ်မှတ်ပါ။

စက်အားလုံးနှင့် ကလစ်ဘုတ်မျှဝေခြင်းကို ရပ်တန့်ရန် ဆက်တင်များ > filesသို့ သွားပါ၊ ထို့နောက် Clipboardကို ပိတ်ပါ။

စက်များစွာကို ချိတ်ထားပါက သင့် အန်းဒရွိုက် စက်ပေါ်တွင် ဆက်တင်များ > files > မျှဝေရန်အချက်အချာ > ယုံကြည်ရသော ကိရိယာသို့ သွားပြီး ဆက်လက်မမျှဝေလိုသော စက်ကို ရွေးချယ်မှုဖြုတ်ပါ။