သင့် PC မှ စာတိုပို့ခြင်း

PC မှ စာတိုပို့ခြင်းသည် ကီးဘုတ်အပြည့်အစုံတွင် ပိုမိုမြန်ဆန်အဆင်ပြေစွာ စာရိုက်နိုင်ပြီး စက်များ ပြောင်းစရာမလိုဘဲ အလုပ်များစွာကို ချောမွေ့စွာ တစ်ပြိုင်တည်းလုပ်နိုင်သောကြောင့် အချိန်ကုန်လူပန်း သက်သာစေသည်။ ပိုမိုလွယ်ကူစွာ စာဖတ်ရှုနိုင်ရန်၊ ပိုမိုကောင်းမွန်စွာ စုစည်းစီစဉ်နိုင်ရန်နှင့် တိုက်ရိုက်ဖိုင်မျှဝေခြင်းအတွက် ပိုကြီးသောစခရင်ကိုလည်း ပံ့ပိုးပေးသည်။

Smart Connect သည် SMS၊ ဓာတ်ပုံများနှင့် အုပ်စုလိုက် မက်ဆေ့ချ်များ (အန်းဒရွိုက် သီးသန့်) ကို ပံ့ပိုးသည်။

  1. PC ကို ဖုန်းနှင့် တွဲချိတ်ပါ။
  2. တွဲချိတ်ထားသောစက်များတွင် ဘလူးတုသ်ကို ဖွင့်ပါ။
  3. သင့် PC တွင် Smart Connect ကို ဖွင့်ပါ၊ Home တဘ်သို့ သွားပြီး မက်ဆေ့ဂျ်များ ကို နှိပ်ပါ။
  4. သတိပေးချက်ပေါ်လာပါက ဘလူးတုသ် ချိတ်ဆက်မှုကို သီးသန့် သတ်မှတ်ရန် သင့် PC နှင့် ဖုန်းပေါ်ရှိ စခရင်ပေါ် ညွှန်ကြားချက်များအတိုင်း လိုက်လုပ်ပါ။

    ချိတ်ဆက်မှု ပြဿနာများကို ဖြေရှင်းရန် ဘလူးတုသ်ကို ပိတ်ပြီး ပြန်ဖွင့်ပါ သို့မဟုတ် စက်ကို တွဲချိတ်မှုဖြုတ်ပြီး ပြန်ချိတ်ပါ။

  5. ချိတ်ဆက်ထားသော စက်များစွာရှိပါက အပေါ်ညာဘက်ထောင့်သို့ သွားပြီး သင်မက်ဆေ့ချ်ပို့လိုသောစက်ကို ရွေးချယ်ပါ။
  6. MMS ပူးတွဲပါဖိုင်များ၊ အမည်မသိပို့သူများထံမှ လင့်ခ်များနှင့် PC လုပ်ဆောင်ချက်ဘားရှိ အသိပေးချက်သင်္ကေတများအတွက် ဦးစားပေးမှုများကို သတ်မှတ်ရန် သင့်ပရိုဖိုင်အိုင်ကွန် > ဆက်တင်များ > Features ကို နှိပ်ပါ။

    Smart Connect ကို အသုံးပြုနေစဉ် သင့်ဝင်းဒိုး လုပ်ဆောင်ချက်စင်တာတွင် မက်ဆေ့ချ် အသိပေးချက်များကို ဖွင့် သို့မဟုတ် ပိတ်ရန် ဆက်တင်များ > အထွေထွေ သို့ သွားပြီး Message notifications ဦးစားပေးမှုကို သတ်မှတ်ပါ။