ကြိုထည့်ထားသည့် အက်ပ်များအကြောင်း

တစ်ခါတစ်ရံ (Google သို့မဟုတ် သင့်ဖုန်းလိုင်းဝန်ဆောင်မှုပေးသူထံမှ အက်ပ်များကဲ့သို့) ဆက်စပ်အက်ပ်များကို ဖိုင်တွဲတစ်ခုထဲတွင် စုဖွဲ့ထားတတ်သည်။

အက်ပ်ကိုရှာရန်-

  1. ပင်မစခရင်အောက်ခြေမှ ကို အပေါ်သို့ပွတ်ဆွဲပြီး ရှာဖွေခြင်း ကို တို့ပါ။
  2. အက်ပ်အမည်ကို ရိုက်ထည့်ပြီး ၎င်း၏ အိုင်ကွန်ကို တို့၍ ဖွင့်ပါ။

    အကြံပြုချက်- ၎င်းသည် သင့်ဖုန်းတွင် မရှိပါက နောက်ထပ် အက်ပ်များကို ရှာပါ ကို တို့ပြီး Play စတုိး မှ ရယူပါ။

သင့်ဖုန်းနှင့်အတူပါသော အက်ပ်များ

အောက်ပါအက်ပ်များကို သင့်ဖုန်းတွင် ကြိုတင် ထည့်သွင်းထားနိုင်သည်။

သင်မလိုအပ်သော အက်ပ်များကို ဖျက်ပါ သို့မဟုတ် ပိတ်ပါ သို့မဟုတ် သင်ထည့်သွင်းလိုသော အခမဲ့အက်ပ်နှင့် အခပေးအက်ပ်များကို ဒေါင်းလုဒ်လုပ်ပါ

Adobe Scan

သင်ပြန်သုံးနိုင်သော ပြေစာများ၊ မှတ်စုများ၊ စာရွက်စာတမ်းများ၊ ဓာတ်ပုံများ၊ လိပ်စာကတ်များ၊ ဝှိုက်ဘုတ်များကဲ့သို့ စာသားပါသည့် မည်သည့်အရာကိုမဆို စကန်ဖတ်ပြီး PDF၊ Microsoft Word၊ JPEG နှင့် အခြားများစွာသော ဖိုင်အမျိုးအစားများတွင် သိမ်းဆည်းပါ။

Amazon သီချင်း

မီဒီယာဖိုင် အပိုင်းတွဲများ၊ ခေတ်စားနေသော သီချင်းစာရင်းများ၊ နာမည်ကြီးနေသော တေးသီချင်းများနှင့် သင့်အကြိုက်ဆုံး သီချင်းများကို နားဆင်ပါ။

Booking

သင့်ခရီးစဉ်တစ်ခုလုံးအတွက် အက်ပ်တစ်ခုတည်းဖြင့် ဘွတ်ကင်လုပ်လိုက်ပါ။ လေယာဉ်ခရီးစဉ်များ၊ ဟိုတယ်များ၊ အငှားကားများအတွက် အသက်သာဆုံးဈေးနှုန်းများကို ရှာပါ။

Chrome

ဝက်ဘ်တွင် ရှာဖွေကြည့်ရှုပါ။ သင့်ဘရောက်ဇာ အင်တာနက်လိပ်စာမှတ်တမ်းများကို မည်သည့်စက်မှမဆို ဝင်ရောက်သုံးစွဲပြီး သင့်ကွန်ပျူတာ သို့မဟုတ် အန်းဒရွိုက်စက်များတွင် တက်ဘ်များကို ဆင့်ခ်လုပ်ပါ။

Dolby Atmos

သင့်ဖုန်း၏ စပီကာနှင့် ချိတ်ဆက်ထားသော အသံနားထောင်သည့်စက်အတွက် အော်ဒီယိုကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ။

Drive

Google ကလောက်တွင် သင့်ဖိုင်များကို သိမ်းဆည်းပြီး ဆင့်ခ်လုပ်ပါ၊ ပြီးနောက် အင်တာနက် ချိတ်ဆက်မှုရှိသည့် မည်သည့်နေရာတွင်မဆို ၎င်းတို့ကို ရယူသုံးစွဲလိုက်ပါ။ စာရင်းစာရွက်များ၊ စာရွက်စာတမ်းများနှင့် တင်ပြချက်များကို ဖန်တီးပြီး မျှဝေပါ။ စာရွက်စာတမ်းများကို စကန်ဖတ်ပြီး ၎င်းတို့ကို မျှဝေပါ သို့မဟုတ် ပရင့်ထုတ်ပါ။

Facebook

သူငယ်ချင်းများ၊ မိသားစု၊ အသိုင်းအဝိုင်းများနှင့် ချိတ်ဆက်ပါ။ အပ်ဒိတ်များနှင့် မီဒီယာကို မျှဝေပါ။ ပွဲစဉ်ဖြစ်ရပ်များ၊ ဖျော်ဖြေရေးနှင့် လုပ်ငန်းများအကြောင်း အချက်အလက်များ ရှာဖွေပါ။

Family Space

သင့်ဆက်တင်များနှင့် ကိုယ်ရေးလုံခြုံမှုကို မနှောင့်ယှက်ဘဲ မိသားစု ဘေးကင်းစွာ ကြည့်ရှုသုံးစွဲနိုင်သည့် နေရာတစ်ခုကို သင့်ဖုန်းတွင် ဖန်တီးပါ။ ပိုမိုလေ့လာရန် အက်ပ်ကို ဖွင့်ပြီး နှင့် အကူအညီ ကို တို့ပါ။

Find Hub

ပျောက်သွားသောဖုန်းကို ရှာဖွေပြီး ကာကွယ်ပါ။

Fitbit

ကျန်းမာရေးနှင့် ကိုယ်လက်လှုပ်ရှားမှုတို့ကို မှတ်သားစောင့်ကြည့်ပါ။

Gmail

သင့်ဖုန်း သို့မဟုတ် ကွန်ပျူတာတွင် အီးမေးလ်ကို ရေးသားပါ၊ ပေးပို့ပါ၊ ကြည့်ရှုပါ သို့မဟုတ် ရှာဖွေပါ။

Google One

အခပေး စာရင်းသွင်းခြင်းဖြင့် တိုးချဲ့ထားသည့် သိမ်းဆည်းနေရာ၊ Google အကူအညီနှင့် အခြားအဖွဲ့ဝင်အကျိုးခံစားခွင့်များကို ရယူလိုက်ပါ။

Google TV

Play စတုိး မှ ချက်ချင်းကြည့်ရှုရန်အတွက် ရုပ်ရှင်များနှင့် TV ရှိုးများကို ရယူပါ။ (နိုင်ငံအားလုံးတွင် မရရှိနိုင်ပါ။)

Google

ဝက်ဘ်တွင် ရှာဖွေပါ၊ သင်၏ အပ်ဒိတ်များကို ကြည့်ရှုပြီးနောက် ကိုယ်ရေးလုံခြုံမှု အပါအဝင် Google ဆက်တင်များကို ချိန်ညှိပါ။

Home

သင့် Google Home နှင့် Chromecast စက်များအပြင် မီးများ၊ ကင်မရာများနှင့် အပူချိန်ညှိကိရိယာများကဲ့သို့သော အခြားအိမ်သုံးပစ္စည်းများကို စနစ်သတ်မှတ်ပြီး ထိန်းချုပ်ပါ။

LinkedIn

သင်၏လုပ်ငန်းပိုင်းဆိုင်ရာ ပတ်သက်ဆက်နွှယ်သူများနှင့် ချိတ်ဆက်ပြီး အဆက်အသွယ်မပြတ် ရှိပါစေ။

Meet

အန်းဒရွိုက်နှင့် iOS အသီးသီး၌ သင့်သူငယ်ချင်းများနှင့် ဗီဒီယို ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ပါ။

Moto Secure

ကွန်ရက်လုံခြုံရေးကို စီမံပြီး အက်ပ်ခွင့်ပြုချက်များကို ထိန်းချုပ်ကာ သင်၏ အထိခိုက်လွယ်ဆုံး အက်ပ်များအတွက် လျှို့ဝှက်ဖိုင်တွဲ ဖန်တီးပါ

Moto Unplugged

အက်ပ်များနှင့် အနှောင့်အယှက်များကို ကန့်သတ်ခြင်းဖြင့် အာရုံစိုက်နေရာတစ်ခု ဖန်တီးပါ။.

Moto

သင့်ဖုန်း၏ ပုံပန်းသွင်ပြင်၊ အသံနှင့် ဟန်မူရာများသုံး၍ ၎င်းနှင့် သင် အပြန်အလှန်တုံ့ပြန်ပုံတို့ကို စိတ်ကြိုက်သတ်မှတ်ပါ။

Perplexity

သင့်မေးခွန်းများနှင့် ရှာဖွေမှုများအတွက် AI ဘာသာစကားမော်ဒယ်ကို အသုံးပြု၍ ဖြေဆိုပေးထားသည့် ကိုးကားဖော်ပြချက်များပါရှိသော လိုတိုရှင်းဖြေကြားချက်များကို ရယူပါ။

Photos

ဓာတ်ပုံများကို စီမံပြီး ၎င်းတို့အား သင်၏ သီးသန့်အယ်လ်ဘမ်သို့ အလိုအလျောက် အပ်လုဒ်တင်ပါ

Play စတုိး

သင့်ဖုန်းအတွက် အက်ပ်များအပြင် စာအုပ်များ၊ မဂ္ဂဇင်းများ၊ တေးဂီတနှင့် ရုပ်ရှင်များကို ရယူပြီး ၎င်းတို့ကို သင့်ကွန်ပျူတာ သို့မဟုတ် အန်းဒရွိုက် စက်တစ်ခုခုမှ ဝင်ကြည့်ပါ။

Smart Connect

စက်များစွာကို ချောမွေ့စွာ ပေါင်းစည်းပေးသောကြောင့် Motorola ဖုန်းများ၊ Lenovo တက်ဘလက်များ၊ PC နှင့် TV များအကြား အလုပ်များကို အလွယ်တကူ ကူးပြောင်း၍ လုပ်ဆောင်နိုင်သည်။ ပိုမိုလေ့လာရန် အက်ပ်ကို ဖွင့်ပြီးနောက် နှင့် အကူအညီ ကို တို့ပါ။

TikTok

ဗီဒီယိုအတိုများကို ကြည့်ရှုပါ။ သင့်ကိုယ်သင် ဖော်ပြရန်အတွက် သင့်ကိုယ်ပိုင်ဗီဒီယိုများကို ဖန်တီးပြီး စစ်ထုတ်ကိရိယာများ သို့မဟုတ် အထူးပြုလုပ်ချက်များကို သုံးပါ။

Wallet

ဤဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ထဲတွင် ငွေပေးချေကတ်များ၊ လေယာဉ်နှင့် ပွဲလက်မှတ်များ၊ ယာဉ်စီးလက်မှတ်များ၊ ကာကွယ်ဆေးထိုးကတ်များ၊ ပင်တိုင်ဖောက်သည်ကတ်နှင့် လက်ဆောင်ကတ်များ၊ ဒစ်ဂျစ်တယ်ကားသော့များနှင့် ကျောင်း ID များကို လုံခြုံစွာသိမ်းဆည်းပါ။

Weather

အပတ်စဉ် မိုးလေဝသ၊ ဒေါ့ပလာရေဒါ၊ ပြည်တွင်း သတင်းများနှင့် နိုင်ငံတွင်း မိုးလေဝသ သတိပေးချက်များကို ရယူပါ။

YouTube

ဗီဒီယိုများကို ဝက်ဘ်တွင် ရှာဖွေပါ၊ ကြည့်ရှုပါ၊ ဝက်ဘ်သို့ အပ်လုဒ်တင်ပါ။

YT Music

သင်အကြိုက်ဆုံး အယ်လ်ဘမ်၊ သီချင်းတစ်ပုဒ်ချင်းနှင့် တိုက်ရိုက်ထုတ်လွှင့်သည့် ဖျော်ဖြေမှုများကို တိုက်ရိုက်နားဆင်ပြီး သီချင်းအသစ်အတွက် အကြံပြုချက်များ ရယူပါ။

ကင်မရာ

ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများကို ရိုက်ကူးပါ။ ပိုမိုလေ့လာရန် ကင်မရာ အက်ပ်၏ အကူအညီကို ဖတ်ပါ။

ဂဏန်းတွက်စက်

အမြန်တွက်ချက်မှုအချို့ကို ပြုလုပ်ပါ။

စာများ

စာမက်ဆေ့ချ်များကို ပေးပို့ပြီး လက်ခံရယူပါ။

ဆက်တင်များ

သင့်ဖုန်းဆက်တင်များကို စိတ်ကြိုက်သတ်မှတ်ပါ။

နာရီ

နှိုးစက်များ သတ်မှတ်ပါ။ အချိန်မှတ်စက် သို့မဟုတ် စံချိန်ယူနာရီကို သုံးပါ။

ပြက္ခဒိန်

လာမည့် ပွဲစဉ်ဖြစ်ရပ်များကို မှတ်သားထားပြီး သင့်ဖုန်းတွင် အော်တို သတိပေးချက်များကို ရယူပါ။ ပြက္ခဒိန်များကို မျှဝေသုံးစွဲခြင်းဖြင့် အခြားသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပါ။

ဖိုင်များ

သင့်ဖုန်းတွင် သိမ်းဆည်းထားသည့် ဖိုင်နှင့် ဖိုင်တွဲများကို ရှာဖွေကြည့်ရှု၍ စီမံပါ။

ဖုန်း

ဖုန်းခေါ်ဆိုပါ။

မြေပုံများ

သင်သွားလိုသည့်နေရာကို ရှာပါ၊ တည်နေရာများကို ရှာဖွေပါ။

အဆက်အသွယ်များ

သင့်အဆက်အသွယ်များကို စနစ်တကျစီစဉ်ပြီး ၎င်းတို့နှင့် ချိတ်ဆက်ပါ။ ဖုန်းမြည်သံများကို လူများအလိုက် သတ်မှတ်ပါ။

အပြန်အလှန်တုံ့ပြန်သည့်နောက်ခံပုံများ

ကလောက်တွင် သိမ်းဆည်းထားသည့် Motorola ၏ ပြန်လှန်တုံ့ပြန်နိုင်သော နောက်ခံပုံများကို သုံးစွဲနိုင်သောကြောင့် ၎င်းတို့ကို ဒေါင်းလုဒ်မလုပ်မချင်း သင့်ဖုန်းတွင် နေရာမယူပါ။

အသံဖမ်းစက်

အသံမှတ်စုများကို ဖမ်းယူပြီး ဖုန်းခေါ်ဆိုမှု အသံသွင်းဖိုင်များကို ပြန်လည်စစ်ဆေးပါ။

အားကစားပြိုင်ပွဲ

ကိရိယာများကိုရှာပါ & သင်ဂိမ်းကစားခြင်းကိုအာရုံစူးစိုက်ရန်ကူညီရန်အဆင်အပြင်များ

အက်ပ်ကို သုံးခြင်းနှင့်ပတ်သက်၍ အကူအညီရယူခြင်း

ဤစာမျက်နှာ ထိပ်ဆုံးရှိ ရှာဖွေရေး အိုင်ကွန် ကို တို့ပြီး အဓိကစကားလုံးများ (ဥပမာ- “အဆက်အသွယ် ထည့်ရန်”) ကို ရိုက်ထည့်ပါ။

သင်လိုအပ်နေသည့်အရာကို ရှာမတွေ့ပါက အက်ပ်အများစုတွင် အသင့်ပါအကူအညီ ပါရှိသည်။ ၎င်းကို ရှာရန် အက်ပ်ကို ဖွင့်၍ သို့မဟုတ် ကို တို့ပြီးနောက် အကူအညီ သို့မဟုတ် ဆက်တင်များ > အကူအညီ ကို ရှာဖွေပါ။