စခရင်ပေါ်မှ ကီးဘုတ်ကို သုံးပါ

ကီးဘုတ်ကို ဖွင့်ခြင်း၊ ပိတ်ခြင်းနှင့် လှည့်ခြင်း

ကီးဘုတ်ကို ဖွင့်ရန် သင်က စာသား/နံပါတ် ရိုက်ထည့်နိုင်သော နေရာတစ်ခုကိုသာ ထိလိုက်ပါ။

စခရင်၏ အခြားအစိတ်အပိုင်းများကို မြင်နိုင်စေရန်အတွက် ကီးဘုတ်ကို ပိတ်ရန် ကို နှိပ်ပါ။

ပိုကြီးသောကီးဘုတ်ကို ရစေရန် သင့်ဖုန်းကို အလျားလိုက် လှည့်ပါ။ (သင့် စခရင်က မလှည့်လျှင် အလိုအလျောက် လှည့်ရန်ဆက်တင်ကို စစ်ဆေးကြည့်ပါ။) ပို၍မှန်ကန်တိကျစွာ စာရိုက်နိုင်စေရန်အတွက် သင့်အတွက်နေရာပိုရစေရန် သင်သည် ကီးဘုတ် အရွယ်အစားကိုလည်း ပြောင်းနိုင်သည်။

အကြံပြုချက်သင်သည် ကီးဘုတ်များစွာကို ထည့်သွင်းထားပါက သင်စာရိုက်နေချိန်တွင် လမ်းညွှန်ခလုတ်များဘေး၌ ကို တွေ့ရပါမည်။ အခြားကီးဘုတ်သို့ ပြောင်းရန် ကို နှိပ်ပါ။

အထူးအက္ခရာကို ရိုက်ပါ

သက်ဆိုင်သည့် အထူးအက္ခရာများကို ကြည့်ရန် ကီးတစ်ခုကို တို့ထိထားပါ။ ဥပမာ-

  • အခြား ပုဒ်ဖြတ်အမှတ်အသားများကို ကြည့်ရန် . ကို တို့ထိထားပါ။
  • êéè နှင့် ë တို့ကို မြင်ရရန် e ကို ထိပြီး နှိပ်ထားပါ။
အကြံပြုချက်နောက်တွင် စပေ့ပါရှိသည့် ဖူးလ်စတော့ ထည့်ရန် စပေ့ဘားကို နှစ်ချက်အမြန်တို့ပါ။

စာလုံးကြီးလုပ်ရန်

အားလုံး စာလုံးအကြီး ဖြင့် စာရိုက်ရန် ကို အမြန် နှစ်ချက်ထိပါက ကို သင် မြင်ရပါမည်။ အားလုံး စာလုံးအကြီး ရိုက်ခြင်းကို ပိတ်ရန် ၎င်းကို နောက်ထပ် တစ်ခါထိပါ။

သင်ရိုက်ပြီးသော စကားလုံးတစ်လုံးကို စာလုံးအကြီးပြောင်းရန်-

  1. စကားလုံးရွေးချယ်ပါ။
  2. သင်လိုချင်သည့် စာလုံးကြီးကို မရမချင်း ကို နှိပ်သွားပါ− အစ စကားလုံးသာ၊ စာလုံးကြီးများသာ သို့မဟုတ် စာလုံးသေးသက်သက်သာ။

ပွတ်ဆွဲ စာရိုက်ခြင်းကို သုံးရန်

စာရိုက်ရန် သင့်တွင် ရွေးချယ်စရာနှစ်ခု ရှိသည်- တစ်ကြိမ်တွင် စာတစ်လုံးရိုက်ရန် (အကြိမ်ကြိမ် ထိပြီး စာရိုက်ခြင်း) သို့မဟုတ် စကားလုံးတစ်လုံးရိုက်ရန် စဉ်ဆက်မပြတ်သော လှုပ်ရှားမှုဖြင့် အက္ခရာများအားလုံးကို သင့်လက်ချောင်းဖြင့် ပွတ်ဆွဲသွားရန် (လက်ချောင်းဖြင့် ပွတ်ဆွဲစာရိုက်ခြင်း) ဖြစ်သည်။ ယင်းအနက်မှ နည်းလမ်းတစ်ခုခုဖြင့် စတင် စာရိုက်ကြည့်ပြီး သင်ကြိုက်သလို ကူးပြောင်းကြည့်ပါ။

သင်သည် ပွတ်ဆွဲစာရိုက်ခြင်းကို သုံးနေချိန်တွင် လုပ်နိုင်သည်များမှာ-

  • စကားလုံးတစ်လုံး ရိုက်ရန်။ စကားလုံးတစ်လုံးဖြစ်အောင် စာလုံးများပေါ်တွင် သင့်လက်ချောင်းကို ပွတ်ဆွဲပါ။
  • သာမန်စကားလုံးများတွင် အပေါ့စတော့ဖီများ("၏" သင်္ကေတ) ရိုက်ရန်။ စာလုံးများကို ဖြတ်၍ ဆွဲယူလာပါ၊ ၎င်းကို အလိုအလျောက် ထည့်လိုက်ပါမည်။
  • စပေ့ခြားရန်။ စပေ့ဘားကို သုံးရန်မလိုပါ။ သင့်လက်ချောင်းကို မ,လိုက်ပြီး နောက်တစ်လုံးဆက်ရိုက်လိုက်ရုံသာဖြစ်သည်။

လက်ချောင်းဖြင့် ပွတ်ဆွဲစာရိုက်ခြင်းကို သင် ပိတ် နိုင်ပါသည်။

အကြံဉာဏ်များ ရယူပါ

ပိုမြန်မြန်စာရိုက်ရန် အကြံဉာဏ်များကို သုံးပါ။

သင်စာရိုက်ချိန်တွင် ကီးများ၏အပေါ်ဘက်တွင် အကြံပြုထားသည့် နောက်ရိုက်မည့်စကားလုံးစာရင်းကို သင် မြင်ရပါမည်-

  • သင့်စာသားထဲသို့ စကားလုံးတစ်လုံးကို ထည့်ရန် ၎င်းကို ထိပါ။
  • အကြံပြုထားသည့် စကားလုံးကို သင် မကြိုက်ပါက ၎င်းအား တို့ထိပြီး သို့ ဆွဲယူလာပါ။

အကြံပြုချက်များကို သင်က ကန့်သတ်နိုင် (သို့) ပိတ်နိုင် သည်။

သတ်ပုံစစ်ခြင်းနှင့် အလိုအလျောက် ပြင်ဆင်ခြင်း

သတ်ပုံမှားသော စကားလုံးများကို သင်စာရိုက်စဉ်၌ အလိုအလျောက် ပြင်ဆင်ပေးသည်။

စကားလုံးကို နောက်ထပ် အလိုအလျောက် ပြင်ဆင်ခြင်းမှ တားရန် ကီးများ၏အပေါ်ဘက်ရှိ အကြံပြုချက်များစာရင်းပါ စကားလုံးကို တို့ထိခြင်းအားဖြင့် ၎င်းကို အဘိဓာတ်ထဲသို့ သင် ထည့်နိုင်သည်။

အလိုအလျောက် ပြင်ဆင်ခြင်းကို ပိတ်ထား ပါကလည်း သင်က သတ်ပုံစစ်နိုင်ဆဲပင်ဖြစ်သည်။

  1. သင် စာရိုက်ပြီးနောက် သင့်စာသားကို ဆန်းစစ်ပေးသည်၊ စာလုံးပေါင်းအမှားများ (နှင့် အဘိဓာန်တွင်မရှိသော စကားလုံးများ) ကို မျဉ်းသားထားသည်။
  2. မျဉ်းသားထားသော စကားလုံးတစ်လုံးကို ထိပါ-

    • စာလုံးပေါင်းမှန်ပါက အကြံပြုချက်များစာရင်းတွင် ရှိနေသည့် ၎င်းကိုထိပါ။
    • စာလုံး‌ပေါင်းမှားနေလျှင် အကြံပြုချက်များစာရင်းမှ မှန်သည့်စကားလုံးကို ရွေးပါ သို့မဟုတ် ပြင်ဆင်ချက်ကို ရိုက်ပါ။

ဘာသာစကားစုံဖြင့် စာရိုက်ရန်

သင့်ဖုန်းတွင် သင်က စနစ်သုံး ဘာသာစကားတစ်ခုအဖြစ် ဘာသာစကားစုံ ထည့်ထား ပါက ဆက်တင်များ၊ ကီးဘုတ်များနှင့် စာသားအကြံပြုချက်များကို ထိုသို့သော ဘာသာစကားများအတွက် ရနိုင်ပါသည်-

  • သင်၏ အဓိကဘာသာစကားမဟုတ်သည့် ကီးဘုတ် ဘာသာစကားတစ်ခုကို သုံးနေချိန်တွင် ရနိုင်သည့် ကီးဘုတ်ဘာသာစကားများကို စပေ့ဘားပေါ်တွင် ပြထားသည်။
  • ဘာသာစကားများအကြား ကူးပြောင်းရန် ကို ထိပါ။
  • ရနိုင်သော ကီးဘုတ်များကို ကြည့်ရန် သို့မဟုတ် စပေ့ဘားကို ထိပါ။

အခြား ဘာသာစကားများအတွက် သင်က ကီးဘုတ်များကို ထည့် နိုင်ပါသည်။