သင်၏စက်ပစ္စည်း အကြောင်း

စက်၏ဖွဲ့စည်းတည်ဆောက်မှုပြပုံ

  1. အနီရောင်ကီး (၎င်းကို စိတ်ကြိုက်ပြင်ဆင်ရန် ဖိ၍နှိပ်ထားပါ)
  2. အနီးဝန်းကျင် အာရုံခံကိရိယာ
  3. ရှေ့ကင်မရာ (ကင်မရာအကူအညီတွင် ပိုမိုလေ့လာပါ)
  4. နားကြပ်/စပီကာ
  5. မိုက်ခရိုဖုန်း
  6. အသံတိုးကျယ်ခလုတ်
  7. ပါဝါ ခလုတ်
  8. လက်ဗွေအာရုံခံ
  1. အထူးမြင်ကွင်းကျယ်နှင့် မက်ခရိုကင်မရာ
  2. ပင်မကင်မရာ
  3. ဖလက်ရှ်မီး
  4. အသေးစိတ်ရိုက် ကင်မရာ
  5. တဂ်များ စကန်ဖတ်ခြင်း သို့မဟုတ် သင့်ဖုန်းဖြင့် ငွေပေးချေခြင်းအတွက် NFC အာရုံခံစနစ်ဧရိယာ
  6. အမြန်ဖွင့်ပါ။ ရှော့ကတ်ကို သတ်မှတ်ထားပါက နှစ်ချက်တို့ပါ
  7. SIM ကတ် ထည့်သည့်အံခွက်
  8. ဖုန်းအားသွင်းရန်ဖိုင်များ ရွှေ့ပြောင်းရန်နှင့် ကွန်ရက်လွှင့်ထားသော စက်များနှင့် ဒေတာချိတ်ဆက်မှုမျှဝေရန် USB-C ပေါက်။
  9. မိုက်ခရိုဖုန်း
  10. စပီကာ

သင့်ဖုန်းကို ကာကွယ်ခြင်း

သင့်ဖုန်းအတွက် ဒီဇိုင်းထုတ်ထားသော ကာဗာများနှင့် အခြားဆက်စပ်ပစ္စည်းများကို motorola.com တွင် ရှာဖွေပါ

ဖုန်းကို ဂရုစိုက်ခြင်း

စခရင်ကို သန့်ရှင်းရန်-

  • သင့်ဖုန်းကို ပိုးသတ်ခြင်းမဟုတ်သော်လည်း အကောင်းဆုံး သန့်ရှင်းရေးပြုလုပ်နည်းမှာ နူးညံ့ပျော့ပြောင်းသော အဝတ်စခြောက်ဖြင့် နှံ့စပ်အောင် သုတ်ခြင်းဖြစ်သည်။ ကြမ်းတမ်းသော အဝတ်များ၊ လက်သုတ်စက္ကူအပါအဝင် အခြားကြမ်းတမ်းသော မျက်နှာပြင်ရှိသည့် ပစ္စည်းများကို ရှောင်ရှားပါ။
  • စခရင်ပေါ်သို့ အရည်စက်များ ကျသွားပါက သန့်ရှင်းခြောက်သွေ့သော အဝတ်ဖြင့် သုတ်ပါ။

ဖုန်းကို ပိုးသတ်ရန်-

  • Isopropyl Alcohol ၇၀% ပါဝင် စိုစွတ်နေသည့် ရေစိုတစ်ရှူးကိုဖြစ်စေ အဝတ်စကိုဖြစ်စေ အသုံးပြုနိုင်သည်။
  • ဖုန်းကို ပိုးသတ်သောအခါ သို့မဟုတ် သန့်ရှင်းရေး ပြုလုပ်သောအခါ ပါဝါပိတ်ပြီး အားသွင်းပေါက်၊ နားကြပ်ပေါက်၊ မိုက်ခရိုဖုန်းနှင့် စပီကာ‌ပေါက်များကဲ့သို့ အပေါက်များအတွင်း ရေမှုန်ရေစ မဝင်ရောက်စေရန် လုပ်ဆောင်ပါ။
  • မည်သည့် သန့်ရှင်းရေးသုံးဆေးရည် အတွင်းသို့မျှ သင်၏ဖုန်းကို မနှစ်မြှုပ်ရ။ အရောင်ချွတ်ဆေး သို့မဟုတ် ချွတ်ဆေးပါဝင်သော သန့်ရှင်းရေးပစ္စည်းများ အသုံးပြုခြင်းနှင့် စခရင်ပေါ်သို့ သန့်ရှင်းရေး စပရေးများ တိုက်ရိုက်ပက်ဖျန်းခြင်းကို ရှောင်ကြဉ်ပါ။

ဖုန်နှင့် ရေစိုဒဏ်ခံနိုင်မှု

ထိန်းချုပ်ထားသော ဓာတ်ခွဲခန်း အခြေအနေအောက်တွင် စမ်းသပ်ထားသည့် ဖုန်းသည် IP68 (IEC 60529) အဆင့်သတ်မှတ်ချက်အထိ ရေစိုခံ၊ ရေစဉ်ခံနိုင်ပြီး ဖုန်ဝင်ခံနိုင်သည်။ ဖုန်းကို ရေသေ၊ ရေချို 1.5 မီတာအထိတွင် မိနစ် 30 ကြာ နှစ်ထားနိုင်သည်။ ဤအဆင့်သတ်မှတ်ချက်ထက် ကျော်လွန်သော အခြေအနေများနှင့် ထိတွေ့ခြင်းသည် အာမခံတွင် အကျုံးမဝင်ပါ။ သုံးစွဲမှုကြာလာသည်နှင့်အမျှ ဒဏ်ခံနိုင်မှု လျော့ကျလာမည်။ ရေအောက်တွင် ရှိနေသည့်အချိန်၌ အသုံးပြုရန် ဒီဇိုင်းထုတ်ထားခြင်း မဟုတ်ပါ။ ဖိအားရှိသည့်ရေ သို့မဟုတ် ရေချိုမဟုတ်သည့် အခြားအရည်များနှင့် မထိတွေ့မိပါစေနှင့်။ ရေစိုနေသောဖုန်းကို အားသွင်းရန် မကြိုးစားပါနှင့်။ အရွယ်အစားအမျိုးမျိုးရှိသည့် အစိုင်အခဲပစ္စည်းများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် ဒီဇိုင်းထုတ်ထားသည်။ ရေမလုံပါ။

သင့်ဖုန်းကို ရေကြောင့်ပျက်စီးမှုမှ ကာကွယ်ရန်-

  • သင့်ဖုန်းကို ဖိအားရှိသောရေ၊ ဆားငန်ရေ သို့မဟုတ် ရေချိုမဟုတ်သည့် အခြားအရည်များနှင့် မထိတွေ့ပါစေနှင့်
  • ရေနှင့် ကြာရှည်စွာ ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပြီး ရေထဲတွင် တမင်တကာ နှစ်ခြင်း မပြုပါနှင့်
  • သင့်ဖုန်းနှင့် အပေါက်များကို နူးညံ့၍ သန့်ရှင်းသော အဝတ်ဖြင့် သေချာစွာ ခြောက်သွေ့အောင်လုပ်ပါ
  • ရေစိုနေချိန်တွင် သင့်ဖုန်းကို အားသွင်းရန် မကြိုးစားပါနှင့်
  • သင့်ဖုန်းကို ပစ်ချခြင်း၊ အပေါက်ဖောက်ခြင်း သို့မဟုတ် ခြစ်ခြင်း မပြုပါနှင့်။ ၎င်းသည် ရေစိမ့်မဝင်အောင် လုပ်ထားသည့်အင်္ဂါရပ်များကို ပျက်စီးစေနိုင်ပါသည်

အကြမ်းခံနိုင်မှု

အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဌာန၏ MIL-SPEC စံသတ်မှတ်ချက်များတွင် ထိန်းချုပ်ထားသော ဓာတ်ခွဲခန်း အခြေအနေများအောက်၌ ကုန်ပစ္စည်းများ၏ ပတ်ဝန်းကျင်ဖိအားများကို ခံနိုင်စွမ်းအား စမ်းသပ်ရန်အတွက် နည်းစနစ်များကို ချမှတ်ထားသည်။ Motorola သည် အကြမ်းခံနိုင်မှုကို ဆုံးဖြတ်ရန် MIL-STD-810H စံသတ်မှတ်ချက်ပါ သတ်မှတ်အမျိုးအစားများနှင့် လုပ်ထုံးလုပ်နည်းများအရ အန္တရာယ်ရှိသော ရုပ်ပိုင်းဆိုင်ရာနှင့် ပတ်ဝန်းကျင်အခြေအနေများတွင် စက်များကို စမ်းသပ်ထားသည်။ ထိုသို့သော စမ်းသပ်မှုသည် အနာဂတ် ဤစမ်းသပ်မှု အခြေအနေများအောက်ရှိ စွမ်းဆောင်ရည်အတွက် အာမခံချက်မဟုတ်ပါ။

Snapdragon အသံနည်းပညာအကြောင်း

အရည်အသွေးမြင့်အသံကို ခံစားနားဆင်နိုင်စေရန်အတွက် သင့်ဖုန်းတွင် Qualcomm Snapdragon Sound နည်းပညာကို အသုံးပြုထားသည်။

Qualcomm Snapdragon Sound သည် Qualcomm Technologies, Inc. နှင့်/သို့မဟုတ် ၎င်း၏လက်အောက်ခံကုမ္ပဏီများ၏ ထုတ်ကုန်ဖြစ်သည်။ Qualcomm၊ Snapdragon နှင့် Snapdragon Sound တို့သည် Qualcomm Incorporated ၏ ကုန်အမှတ်တံဆိပ်များ သို့မဟုတ် မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ်များ ဖြစ်သည်။