ဘက်ထရီကို 100% အထိ အားသွင်းထားပြီး အားသွင်းကိရိယာနှင့် အချိန်ကြာမြင့်စွာ ချိတ်ဆက်ထားသည့်အခါ လိုသည်ထက်အားပိုသွင်းခြင်း ဖြစ်ပေါ်သည်။ ထိုအခြေအနေများတွင် ဘက်ထရီသည် အနားယူရမည့်အစား “အားအပြည့်ဖြစ်အောင်” ဆက်လက်အားဖြည့်ပေးနေသောကြောင့် အပူနှင့် ဖိစီးမှုကို ဖြစ်ပေါ်စေကာ အချိန်ကြာလာသည်နှင့်အမျှ ဘက်ထရီ ပျက်စီးသွားစေနိုင်သည်။ ပလတ်ထိုးထားသည်မှာ သုံးရက်ကြာနေလျှင်ပင် ဘက်ထရီကာကွယ်မှု က သင့်ဘက်ထရီအားကို 80% တွင်သာ ကန့်သတ်ခြင်းဖြင့် ၎င်းကို စွမ်းဆောင်ရည်ကောင်းအောင် ဆက်ထိန်းထားပေးသည်။
ဘက်ထရီကာကွယ်မှု သည် အားသွင်းခြင်းကို ကန့်သတ်ပေးထားပါက အခြေအနေပြဘားတွင်
ကို တွေ့မြင်ရမည်ဖြစ်သည်။
ဘက်ထရီ စွမ်းဆောင်ရည်နှင့် သက်တမ်းကို အမြင့်ဆုံးတိုးမြှင့်ရန် တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် 100% အထိ အားသွင်းပြီး ဘက်ထရီ အားပြည့်သွားသည်နှင့် ပလတ်ဖြုတ်ပါ။ 100% အထိ အားမသွင်းသည်မှာ တစ်ပတ်ကျော်သွားလျှင် သင်ကိုယ်တိုင် အားအပြည့်သွင်းနိုင်စေရန်အတွက် ဘက်ထရီကာကွယ်မှု ကို ပိတ်ပါမည်။
ဤအင်္ဂါရပ်ကို ဖွင့် သို့မဟုတ် ပိတ်ရန်−
- ဆက်တင်များ > ဘက်ထရီ > ဘက်ထရီကာကွယ်မှု သို့သွားပါ။
- ၎င်းကို ဖွင့်ပါ
။ ဆက်တင်များကို ချိန်ညှိရန်-
- သင်၏ အားသွင်းသည့် ပုံစံကို ဖုန်းက လေ့လာနိုင်ရန်နှင့် သင် ပလတ်ဖြုတ်ချိန်မတိုင်မီ တစ်နာရီအလိုတွင် 80% မှ 100% အထိ အားပြည့်အောင်သွင်းပေးနိုင်ရန် (ဥပမာ- သင်က ပုံမှန် ညလုံးပေါက် အားသွင်းတတ်ခြင်း) စမတ်ကျသောအချိန်ဇယား ကို ရွေးချယ်ပါ။ သင်၏ အားသွင်းမှုပုံစံကို ဖုန်းက လေ့လာနိုင်စေရန်အတွက် ဖုန်းအားသွင်းချိန် ငါးရက်တိတိ တူညီမှုရှိပါစေ။
- အားသွင်းခြင်းကို 80% အထိသာ အမြဲ ကန့်သတ်ထားရန် လက်စွဲအချိန်ဇယား >
> အမြဲတမ်း ကို ရွေးချယ်ပါ။ 80% မှ 100% အထိ အားအပြည့်သွင်းလိုပါက အားသွင်းကိရိယာနှင့် ချိတ်ဆက်မှုဖြုတ်ပြီးနောက် ပလတ်ပြန်ထိုးပါ။ - အားသွင်းခြင်းကို 80% အထိသာ ကန့်သတ်ရန်အတွက် နေ့စဉ်အချိန်ဇယားသတ်မှတ်ထားရန် လက်စွဲအချိန်ဇယား >
> အတိအကျနာရီ ကို ရွေးချယ်ပြီး စတင်ချိန်နှင့် ပြီးဆုံးချိန်ကို ဆွဲရွှေ့၍ အလိုရှိသော ကြာချိန် သတ်မှတ်ပါ။ သတ်မှတ်ထားသည့် အချိန်အတွင်း ဖုန်းသည် 80% အထိ အားသွင်းပြီး သတ်မှတ်ထားသော အချိန်ပြင်ပတွင် 100% အထိ အားသွင်းပါမည်။ 80% မှ 100% အထိ အားအပြည့်သွင်းရန် အားသွင်းကိရိယာနှင့် ချိတ်ဆက်မှုဖြုတ်ပြီး ပလတ်ပြန်ထိုးပါ။