IMEI (နိုင်ငံတကာ မိုဘိုင်းစက်ပစ္စည်း အထောက်အထား) နံပါတ်သည် သင့်ဖုန်းကို ခွဲခြားဖော်ထုတ်ပေးသည့် သီးသန့်ကုဒ်တစ်ခုဖြစ်သည်။ SIM နှစ်ခုပါသော ဖုန်းများတွင် IMEI နံပါတ် နှစ်ခုရှိပြီး SIM ကတ်တစ်ကတ်စီအတွက် နံပါတ်တစ်ခုဖြစ်သည်။ ယင်းက SIM များ ချိတ်ဆက်ထားသော ကွန်ရက်တစ်ခုစီတွင် ဖုန်းကို သီးခြား ဖော်ထုတ်သိရှိနိုင်စေသည်။
အာမခံနှင့်ပတ်သက်ပြီး ပံ့ပိုးကူညီရေးဌာနကို သင် ဆက်သွယ်သည့်အခါ သင့် IMEI နံပါတ်ကို လိုအပ်မည်ဖြစ်ပြီး သင့်ဖုန်းအခိုးခံရပါက ထိုနံပါတ်ရှိနေရန် အရေးကြီးသည်။ ဝန်ဆောင်မှုပေးသူများသည် အခိုးခံရသောဖုန်းအား ဆယ်လူလာကွန်ရက်များမှ ပိတ်ဆို့ရန် IMEI နံပါတ်ကို သုံးနိုင်ပြီး ရဲဌာနများစွာသည် အခိုးခံရသောဖုန်းများကို ဤနံပါတ်သုံး၍ မှတ်တမ်းထားရှိသည်။
သင်၏ IMEI နံပါတ်ကို ဘယ်တော့မှ မလိုခြင်းမျိုး ဖြစ်နိုင်သော်လည်း အရေးကြုံပါကသုံးရန်အတွက် ၎င်းအား မှတ်တမ်းထားရှိသင့်သည်။
IMEI နံပါတ်ကို ရှာတွေ့ရန်-
ဖုန်း အက်ပ်ထဲတွင် *#06# သို့ ဖုန်းခေါ်ခြင်းဖြင့်လည်း သင်၏ IMEI နံပါတ်ကို သင်ရှာတွေ့နိုင်ပါသည်။ အချို့ဖုန်းများတွင် MEID HEX နံပါတ်သည် သင်၏ IMEI နံပါတ်ဖြစ်သည်။
သင်၏ဖုန်း ပါဝါမပွင့်ပါက IMEI နံပါတ်အတွက် ယူလာသောဘူး သို့မဟုတ် လက်ခံပြေစာကို စစ်ဆေးပါ။