သီးသန့် DNS ဝန်ဆောင်မှုတစ်ခု ထည့်ခြင်း

သီးသန့် DNS သည် သင့်ဖုန်းတွင် အင်တာနက်ကို လေ့လာကြည့်ရှုပြီး အက်ပ်များကို သုံးချိန်တွင် သင့်ကို ကာကွယ်ပေးသည်။ ၎င်းသည်-

  • သင့်ဒေတာကို လုံခြုံသောချန်နယ်တစ်ခုမှတစ်ဆင့် ကုဒ်ပြောင်းဝှက်ပေးသည်
  • တရားဝင်ပုံပေါ်သည့် လိမ်လည်လှည့်ဖြားသော ဝဘ်ဆိုက်များသို့ ပြန်ညွှန်းခံရခြင်းမှ သင့်ကို ကာကွယ်ပေးသည်
  • တရားဝင်ပုံပေါ်သည့် ရင်းမြစ်များမှ လိမ်လည်လှည့်ဖြားသော ဆက်သွယ်မှုများကို လက်ခံရရှိခြင်း (လှည့်ဖြားခိုးယူခြင်း) မှ သင့်ကို ကာကွယ်ပေးသည်
  • သင့်အချက်အလက်များကို ပို့နေစဉ် သို့မဟုတ် လက်ခံနေစဉ် အခြားသူများက ခိုးယူခြင်း (ခိုးကြည့်ခြင်း) မှ ကာကွယ်ပေးသည်

သင့်ဖုန်းကို သီးသန့် DNS > အလိုအလျောက် အဖြစ် ပုံသေ သတ်မှတ်ထားသည်။ ထို့ကြောင့် သင့်မိုဘိုင်း သို့မဟုတ် အင်တာနက်ဝန်ဆောင်မှုပေးသူများက ကုဒ်ပြောင်းဝှက်ထားသော DNS ကို ပံ့ပိုးပေးနေသရွေ့ သင့်ကို ကာကွယ်ထားသည်။ သင်၏ မိုဘိုင်းနှင့် အင်တာနက် ဝန်ဆောင်မှုပေးသူများနှင့် သေချာအောင်စစ်ဆေးအတည်ပြုပါ။

သင်၏ မိုဘိုင်း သို့မဟုတ် အင်တာနက် ဝန်ဆောင်မှုပေးသူများကို အားကိုးမည့်အစား သင့်တွင် အသုံးပြုရန် အခမဲ့ သို့မဟုတ် အခပေး DNS ဝန်ဆောင်မှုရှိသည့်အခါမှသာ ဤဆက်တင်ကို ပြောင်းရန်လိုပါသည်။ ဝန်ဆောင်မှုကို သင့်ဖုန်းထဲ ထည့်ရန်-

  1. ဆက်တင်များ > ကွန်ရက်နှင့် အင်တာနက် > သီးသန့် DNS သို့ သွားပါ။
  2. သီးသန့် DNS ဝန်ဆောင်မှုပေးသူအမည် ကိုရွေးချယ်ပါ။
  3. DNS ဝန်ဆောင်ပေးသူအမည်ကို ထည့်ပါ ကို နှိပ်ပါ။
  4. သင်၏ DNS ဝန်ဆောင်မှုပေးသူ၏ URL ကို ထည့်သွင်းပြီး သိမ်းဆည်းရန် ကို နှိပ်ပါ။

သီးသန့် DNS ဝန်ဆောင်မှုကို သင်မသုံးလိုတော့ပါက-

  1. ဆက်တင်များ > ကွန်ရက်နှင့် အင်တာနက် > သီးသန့် DNS သို့ သွားပါ။
  2. အလိုအလျောက် ကိုရွေးချယ်ပါ။

    သီးသန့် DNS ကို မပိတ်ထားရန် အကြံပြုပါသည်။