ဖုန်းပြန်စသည် သို့မဟုတ် လည်ပတ်မှုရပ်သွားသည်

သင့်ဖုန်းသည် ပိတ်ပြီး ပြန်ပွင့်ရန် ပြန်စတင်ရန် ခဲယဉ်းပါက သို့မဟုတ် ပြန်မစဘဲ ပိတ်သွားပါက အောက်ပါတို့ကို စမ်းကြည့်ပါ။

  1. သင့်ဖုန်းကို ပြန်စပါ-

    1. ပါဝါခလုတ်ကို စက္ကန့် ၃၀ နှိပ်ထားပါ
    2. မရသေးပါက သင့်ဖုန်းကို အနည်းဆုံး ၅ မိနစ်ခန့် အားသွင်းပါ။ ထို့နောက် အားသွင်းစက်မဖြုတ်မီ ပါဝါခလုတ်ကို စက္ကန့် ၃၀ ခန့်နှိပ်ထားခြင်းအားဖြင့် ပြန်စကြည့်ပါ။
  2. သင့်ဖုန်းကို ပြစ်ချက်ရှာဖြေရှင်းပါ-

    1. သင့်ဖုန်းအတွက် ဆော့ဖ်ဝဲအပ်ဒိတ် ရရှိနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးပါ
    2. အသုံးပြုနိုင်သည့် သိုလှောင်ခန်းကို စစ်ဆေးပြီး လိုအပ်ပါက နေရာလွတ်ရှင်းလင်းပါ

      သင့်ဖုန်း၏ စက်တွင်းသိုလှောင်ခန်းသည် ပြည့်လုပြည့်ခင်ဖြစ်နေပါက ချွတ်ယွင်းချက်များရှိလာသည်ကို တွေ့နိုင်သည်။ နေရာလွတ်ရှိစေရန် မလိုအပ်သည့်ဖိုင်များကို ဖယ်ရှားပါ။ ယာယီသိမ်းဖိုင်များကို ရှင်းပါ။

  3. သင့်အက်ပ်များကို ပြစ်ချက်ရှာဖြေရှင်းပါ-

    1. အက်ပ် အပ်ဒိတ်များကို စစ်ဆေးပါ။
    2. သင်ထည့်သွင်းထားသည့် အက်ပ်များက ပြဿနာဖြစ်စေခြင်း ဟုတ်၊ မဟုတ် ကြည့်ရန် လုံခြုံရေးမုဒ် ကို အသုံးပြုပြီး လိုအပ်ပါက ဖျက်ပစ်ပါ။

      သင့်ပြဿနာသည် လုံခြုံသည့် မုဒ်တွင် ရှိနေသေးပါက သင့်ဖုန်းကို ပြန်စတင်ပြီး နောက်တစ်ပိုင်းသို့ ဆက်သွားပါ။

  4. စက်ရုံထုတ်ဆက်တင်များအတိုင်း ပြန်သတ်မှတ်ပါ-

    ပြဿနာဖြစ်စေနိုင်သည့် မည်သည့်လုပ်ငန်းစဉ်ကိုမဆို ဖယ်ရှားရန် သင့်ဖုန်းကို စက်ရုံထုတ်ဆက်တင်များအတိုင်း ပြန်သတ်မှတ်ပါ။

    စက်ရုံထုတ်ဆက်တင်များအတိုင်း ပြန်သတ်မှတ်ခြင်းသည် သင့်ဖုန်းမှ ဒေတာအားလုံးကို ဖယ်ရှားပါလိမ့်မည်။

  5. သင့်တွင် Windows PC ရှိပါက သင့် PC တွင် ဒေါင်းလုဒ်လုပ်ပြီး Software Fix ဖုန်း၏ စနစ်ဆော့ဖ်ဝဲကို ပြန်လည်ထည့်သွင်းပါ။