အားသွင်းခြင်းဆိုင်ရာ ပြဿနာများ

ဤပြဿနာဖြေရှင်းမှု အဆင့်များကို စမ်းကြည့်ပါ။ အဆင့်တစ်ဆင့်ပြီးတိုင်း ပြဿနာ ပြေလည်ခြင်း ရှိမရှိ စစ်ဆေးပါ။

  1. USB ပလပ် ကို ဖုန်းထဲသို့ အံကိုက်ထိုးပြီးကြောင်းသေချာစေ။
  2. ဘက်ထရီတွင် လုံးဝအားမရှိတော့လျှင် အားသွင်းကိရိယာကို ချိတ်ဆက်ပြီး အားသွင်းရန်လုံလောက်သည့် ဗို့အားရရှိသည်အထိ ၁၀ မိနစ်ခန့်စောင့်ပါ၊ ပြီးနောက် ပါဝါခလုတ်ကို ဖိပါ။
  3. နံရံရှိ မီးပလပ်ခုံနှင့် ချိတ်ဆက်ပြီး အားသွင်းနေခြင်းဖြစ်ပါက−

    • မီးပလပ်ပေါက်ကို ခလုတ်ဖြင့်ထိန်းချုပ်ထားလျှင် ၎င်းကို ဖွင့်ထားကြောင်း သေချာအောင် စစ်ဆေးပါ။
    • ဖုန်းနှင့်အတူပါလာသော အားသွင်းကြိုး သို့မဟုတ် သင့်ဖုန်းနှင့် တွဲဖက်သုံးနိုင်သော အားသွင်းကြိုးကို သုံးပါ။
    • အားသွင်း ကိရိယာ/အပေါက် နှင့် ချိတ်ဆက်မှုကို ဟန့်တားနိုင်သည့် မည်သည့်အဖုံးကိုမဆို ဖယ်ရှားပါ။
    • အားသွင်းကိရိယာကြိုး သို့မဟုတ် ပလပ် ပျက်စီးနေခြင်းရှိ-မရှိ စစ်ဆေးပါ။ ပျက်စီးနေပါက သင့် ကွန်ပျူတာကို USB ကြိုးဖြင့် ချိတ်ဆက်ပြီး အားသွင်းပါ။
    • နံရံ မီးပလပ်ခုံများ ပျက်စီးနေခြင်း (သို့) ချောင်နေခြင်း ရှိမရှိ စစ်ဆေးပါ။ ပျက်စီးနေသည်ကို တွေ့ရှိပါက အခြားအပေါက်တစ်ခုကို သုံးကြည့်ပါ။
  4. ကွန်ပျုတာဖြင့် အားသွင်းခြင်းဖြစ်ပါက USB ချိတ်ဆက်မှုကို စစ်ဆေးကြည့်ပါ−

    1. အခြေအနေပြဘား ကို အောက်သို့ပွတ်ဆွဲပါ။
    2. USB အသိပေးချက်ပေါ်တွင် ကို နှိပ်ပြီးနောက် အသိပေးချက်ကို နှိပ်ပါ။
    3. ဒေတာလွှဲပြောင်းခြင်း မရှိပါ ကို နှိပ်ပါ။
  5. ပါဝါခလုတ်ကို 7-10 စက္ကန့်အထိဖိထားခြင်းဖြင့် ဖုန်းကိုပိတ်ပြီး ပြန်ဖွင့်ပါ။
  6. ဖုန်းကိုပြန်သတ်မှတ်ပါ

အားသွင်းနေစဉ် ဖုန်းပူခြင်း

TurboPower အားသွင်းခေါင်း၏ ထိရောက်၊ မြန်ဆန်သော အားသွင်းမှုသည် ဘက်ထရီကို အပူတက်စေနိုင်ပြီး ၎င်းမှာ ပုံမှန်ဖြစ်သည်။ အကယ်၍ ဘက်ထရီသည် ၁၁၁ ဒီဂရီ (F) အထိ ရောက်လာပါက အားသွင်းနှုန်း လျော့ကျသွားသည်။ ဘက်ထရီ အေးသည်နှင့်တပြိုင်နက် အားသွင်းခေါင်းမှ အလျင်အမြန် ပြန်သွင်းမည်ဖြစ်သည်။

TurboPower အားသွင်းခြင်း အလုပ်မလုပ်ပါ

ဘက်ထရီ ၇၈% အောက်ရောက်သောအခါ TurboPower အားသွင်းခေါင်းသည် လျင်မြန်စွာ သွင်းမည်ဖြစ်သည်။ ဘက်ထရီ ၇၈% နှင့်အထက် ရောက်သောအခါ ပုံမှန် အလျင်ဖြင့် သွင်းမည်ဖြစ်သည်။

သင့်ဘက်ထရီအားသည် 78% အောက် နည်းနေပြီး မြန်ဆန်စွာ အားမသွင်းပါက သင့်ဖုန်းကို အားသွင်းကိရိယာမှ ဖြုတ်ပြီး ပလပ်ပြန်ထိုးကြည့်ပါ။

အားသွင်းခြင်းသည် ၈၀% တွင် ရပ်သွားမည်ဖြစ်သည်

သုံးရက်ကြာ အားသွင်းထားပါက အလွန်အကျွံကာကွယ်မှု သည် အားသွင်းခြင်းကို ၈၀% သို့ ကန့်သတ်ခြင်းဖြင့် သင့်ဘက္ထရီမပျက်စီးအောင် ထိန်းထားပေးမည်ဖြစ်သည်။

အခြေအနေပြဘားတွင် ကို တွေ့ရှိပါက သင့်ဖုန်းကို ၈၀% မှ အားပြည့်သည်အထိ အားသွင်းရန်အတွက် ဖုန်းကို အားသွင်းတုံးမှဖြုတ်ပြီး ပြန်၍ပလပ်တပ်ပါ။