သင့်ဖုန်းကို သင်အသုံးပြုသည့်ပုံစံသည် ဖုန်းအားပြန်မသွင်းမီ သုံးနိုင်မည့် ကာလအပေါ် သက်ရောက်မှုရှိသည်။ လမ်းညွှန်ချက်ပေးခြင်း၊ ဂိမ်းကစားခြင်း၊ ဝဘ်စာမျက်နှာများကို ဖွင့်ကြည့်ခြင်း၊ ခေါ်ဆိုမှုများပြုခြင်း၊ စာသားမက်ဆေ့ဂျ်များပို့ခြင်းတို့သည် စွမ်းအင်လိုသည်။ ထို့ကြောင့် သင့်ဘက်ထရီသက်တမ်းသည် သင့်ပြုလုပ်မှုကိုလိုက်၍ နေ့စဉ်နှင့်အမျှ ပြောင်းလဲမှုရှိသည်။
အထူးသဖြင့် မပိတ်ဘဲထားသည်မှာ တစ်ပတ်ကျော်နေပါက သင့်ဘက်ထရီသက်တမ်းသည် ထင်ထားသည်ထက် ပိုကျပါက အလွယ်ဆုံးနှင့် အမြန်ဆုံးနည်းမှာ ဖုန်းကိုပိတ်ပြီး ပြန်ဖွင့်ရန်ဖြစ်သည်။