အမှောင်နောက်ခံသို့ ပြောင်းခြင်းဖြင့် သင့်မျက်လုံးနှင့် ဘက်ထရီကို အနားပေးပါ။
မှောင်သည့် အပြင်အဆင် ကို ဖွင့်ထားသောအခါ-
- အမှောင်နောက်ခံသည် သင်၏ဆက်တင်များနှင့် အက်ပ်များတွင် သက်ရောက်မှုရှိသည်။
- ဗီဒီယိုများကဲ့သို့သော မီဒီယာတွင် အရောင်များ မပြောင်းလဲပါ။
- အက်ပ်အားလုံးက မှောင်သည့် အပြင်အဆင် ကို မပံ့ပိုးပါ။ စာဖတ်နေစဉ် မျက်လုံးညောင်းမှုကို သက်သာလျော့ပါးစေရန်အတွက် ထိုအက်ပ်များကို အမှောင်နောက်ခံသို့ ပြောင်းရန် အရောင်ပြောင်းပြန်လုပ်ခြင်းကို အသုံးပြုပါ။
၎င်းကိုပိတ်ထားသောအခါ ဘက်ထရီအားနည်းပါက ဖုန်းကိုအားသွင်းပြီးသည်အထိ ဘက်ထရီ ချွေတာခြင်း သည် အမှောင်နောက်ခံသို့ ယာယီပြောင်းသည်။
၎င်းကို ဖွင့် သို့မဟုတ် ပိတ်ခြင်း
- ဆက်တင်များ > ဖန်သားပြင် သို့သွားပါ။
မှောင်သည့် အပြင်အဆင် ကို ဖွင့်
သို့မဟုတ်
ပိတ်ပါ။
အကြံပြုချက်
မှောင်သည့် အပြင်အဆင် ကို အမြန်သုံးဆက်တင်များတွင် ထည့်ရန် အမြန်သုံးဆက်တင်များကို
ဖွင့်ပါ၊

ကို နှိပ်ပါ၊ ထို့နောက် အကွက်ကို သင် ထားလိုသည့်နေရာသို့ ဆွဲယူပါ။
အချိန်ဇယား သတ်မှတ်ခြင်း
- ဆက်တင်များ > ဖန်သားပြင် > မှောင်သည့် အပြင်အဆင် သို့သွားပါ။
အချိန်ဇယား ကို နှိပ်ပြီးနောက် ဖော်ပြပါတစ်ခုကို ရွေးချယ်ပါ-
- သတ်မှတ်ထားသော အချိန်များတွင် စတင်ရန်နှင့် ရပ်တန့်ရန် သတ်မှတ်ချိန်တွင် ဖွင့်ရန် ကို နှိပ်ပြီး အချိန်များကို ထည့်ပါ။
- နေဝင်ချိန်မှ နံနက်အရုဏ်တက်ချိန်အထိ အသုံးပြုရန် နေဝင်ချိန်မှ နေထွက်ချိန်ထိ ဖွင့်ရန် ကို နှိပ်ပါ။