သင့်အကောင့်သည် ချိတ်ဆက်မရနိုင်ပါက အသိပေးချက် သို့မဟုတ် 
အများအားဖြင့် ဤကဲ့သို့ပြဿနာများမှာ ခဏတဖြုတ်မျှသာဖြစ်ပြီး မိနစ်အနည်းငယ်ကြာပါက အဆင်ပြေသွားတတ်သည်။ အဆင်မပြေသေးပါက အောက်ပါအတိုင်း စမ်းကြည့်ပါ။
ချိတ်ဆက်သွားပါက အဆင်ပြေသွားပြီဖြစ်သည်။ မချိတ်ဆက်သေးပါက အောက်ပါအဖြေရှာခြင်းနည်းလမ်းများကို စမ်းကြည့်ပါ။
အဖြေရှာခြင်းတစ်ဆင့်ပြီးတိုင်း ချိတ်ဆက်မှုရမရစမ်းသပ်ရန် မိမိဘာသာ ချိတ်ဆက်ကြည့်ပါ။
အလိုအလျှောက် ချိတ်ဆက်မှုဖွင့်ထားကြောင်း စစ်ဆေးပါ။
အကောင့်ကိုထိပါ


အင်တာနက် လိုင်းကောင်းမကောင်း စစ်ဆေးပါ။
ချိတ်ဆက်မှုအလုပ်လုပ်ရန် အင်တာနက်လိုင်းကောင်းဖို့လိုသည်။ လိုင်းကောင်းမကောင်းစမ်းရန် ဘရောက်ဇာဖွင့်၍ ဝဘ်ဆိုက်တစ်ခုခု ဖွင့်ကြည့်ပါ။ ဝဘ်ဆိုက်မတက်လာပါက Wi-Fi သို့မဟုတ် ဖုန်းလိုင်း အင်တာနက်ရအောင် အရင်လုပ်ပါ။
သင့်၏အကောင့် ပြဿနာရှိမရှိ စစ်ဆေးပါ။
ချိတ်ဆက်မှုအလုပ်လုပ်ရန် သင်၏ Google အကောင့်သို့ လက်မှတ်ထိုးဝင်ရောက်နိုင်ဖို့လိုသည်။ ထိုသို့ဝင်ရောက်နိုင်ကြောင်းကို တခြားပစ္စည်းတွင် အခြားနည်းလမ်းများဖြင့် စမ်းသပ်ကြည့်ပါ။ ဥပမာအားဖြင့် သင့်Gmailကို သင်၏ကွန်ပျူတာ ဘရောက်ဇာဖြင့် ဝင်ရောက်ကြည့်ပါ။
သင့်ဖုန်းအတွက် ဆော့ဖ်ဝဲ အပ်ဒိတ် ရရှိနိုင်ခြင်း ရှိမရှိ စစ်ဆေးပါ။
အဖြေရှာခြင်းတစ်ဆင့်ပြီးတိုင်း ချိတ်ဆက်မှုရမရစမ်းသပ်ရန် မိမိဘာသာ ချိတ်ဆက်ကြည့်ပါ။
သင့်အကောင့်ကိုဖယ်ထုတ်ပြီး ပြန်လည်ထည့်သွင်းပါ။
အဆက်အသွယ်များအက်ပ်၏ ယာယီမှတ်ဉာဏ်နှင့် အချက်အလက်များကို ဖျက်ပစ်ပါ။



