အက်ပ်ကို ဖွင့်ရန် ပင်မစခရင်ရှိ ၎င်း၏အိုင်ကွန်ကို တို့ပါ သို့မဟုတ် ပင်မစခရင်၏ အောက်ခြေမှ အပေါ်သို့ ပွတ်ဆွဲပြီး အက်ပ်ပြသရာနေရာကိုဖွင့်၍ အက်ပ်ကို တို့ပါ။
အက်ပ်မှထွက်ပြီး သင့်ပင်မ စခရင်သို့ သွားရန် စခရင်၏ အောက်ခြေမှ အပေါ်သို့ ပွတ်ဆွဲရုံပင်ဖြစ်သည်။
အက်ပ်ပိတ်ရန် မလိုတော့ပါ။ အန်းဒရွိုက်သည် ၎င်းအက်ပ်သုံးသည့် မှတ်ဉာဏ်နှင့်ဘက်ထရီကိုစီမံခန့်ခွဲပေးရာ အက်ပ်ကိုဖွင့်လျက်ထားခဲ့မိပါက စိတ်မပူရတော့ပါ။
အက်ပ်တစ်ခုကို ပိတ်ရန် စခရင်၏ အောက်ခြေမှ အပေါ်သို့ ဆွဲယူပါ၊ ဖိထားပြီး လွှတ်လိုက်ပါ။ မကြာသေးမီက အက်ပ်များ ပေါ်လာသည့်အခါ အက်ပ်ပေါ်မှ အပေါ်သို့ပွတ်ဆွဲပါ။
အက်ပ်အားလုံးကို ပိတ်ရန် စခရင်အောက်ခြေမှ အပေါ်သို့ ဆွဲယူ၍ ဖိထားပြီးနောက် လွှတ်လိုက်ပါ။ သင်လတ်တလော သုံးထားသော အက်ပ်များထဲတွင် စာရင်း၏အစကို မြင်ရသည်အထိ ညာဘက်သို့ ပွတ်ဆွဲပါ၊ ထို့နောက် အားလုံး ရှင်းလင်းရန် ကို တို့ပါ။
မကြာသေးမီက သုံးထားသော အက်ပ်များအကြား ကူးပြောင်းရန် စခရင်၏ အောက်ဘက်တွင် ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပါ။
လတ်တလောအက်ပ်များ စာရင်းကိုကြည့်ရန် စခရင်အောက်ခြေမှ အပေါ်သို့ပွတ်ဆွဲပြီး ကိုင်ထားပါ၊ ထို့နောက် လွှတ်လိုက်ပါ။
လတ်တလောအက်ပ်များ စာရင်းတွင်-
စခရင်ကန့်ခြင်း ကို သုံး၍ အက်ပ်နှစ်ခုကို တစ်ပြိုင်နက် သုံးလိုက်ပါ။
ဤအကူအညီကို ရှာရန် ဤစာမျက်နှာထိပ်ဆုံးရှိ 
သင်ရှာနေသည်ကို မတွေ့ပါက အက်ပ်သီးသန့် အကူအညီကို စစ်ကြည့်ပါ။

